အိမ်မက်

A d v e r t i s e m e n t With Us

August 9, 2020

ယူနိုက်တက်နည်းပြအဖြစ် ဆုဖလားကိုင်မြှောက်ဖို့က ကျနော့်ရဲ့ အိမ်မက်တွေထဲကတခုပါ- ဆိုးရှားလ်

အခုရာသီ ယူရိုပါလိဂ်ဖလားကို ရရှိခဲ့ပါက နည်းပြဘဝအတွက် အကြီးမားဆုံး အောင်မြင်မှုဖြစ်လိမ့်မယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ ကိုလုံးမြို့မှာ တစ်ကျော့တည်း ကျင်းပမယ့် ယူရိုပါ  လိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ယူနိုက်တက်အသင်းဟာ အက်ဖ်စီ ကိုပင်ဟေဂင်အသင်းနဲ့ တွေ့ဆုံနေပါတယ်။  ဒီအသင်းကိုသာ ကျော်ဖြတ်နိုင်ခဲ့ရင် နောက်တစ်ဆင့်မှာ ဝုဗ် ဒါမှမဟုတ် ဆီဗီလာအသင်းနဲ့ တွေ့ဆုံဖို့ရှိန‌ေပတယ်။  ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်ကို ယူနိုက်တက်အသင်းနဲ့ အင်တာမီလန်အသင်းတို့ ယှဉ်ပြိုင်ရမယ်လို့ ကြိုတင် ခန့်မှန်းမှုတွေရှိနေပြီး ဒီလိုသာဖြစ်လာမယ်ဆိုရင် ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ လူကာကူ၊  ဆန်းချက်ဇ်နဲ့ အက်ရှ်လေယန်းတို့ဟာ အသင်းဟောင်းနဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။  ယူနိုက်တက်အသင်းနဲ့အတူ အောင်မြင်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်နိုင်ခဲ့သူဖြစ်ပေမယ့် ယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ်နဲ့ ဆုဖလားတွေကို ကိုင်မြှောက်နိုင်ပါက ဘာနဲ့မှ နှိုင်းယှဉ်လို့ ရနိုင်မှာ မဟုတ်ဘူးလို့ ဆိုးလ်ရှား ပြောပါတယ်။  “ယူနိုက်တက်အသင်းရဲ့နည်းပြအဖြစ်နဲ့ ဆုဖလား ကိုင်မြှောက်ဖို့က ကျနော့်ရဲ့ အိမ်မက်တွေထဲက တခုပါ။ ကျနော့်ကစာ်သမားဘဝကို ဒီအသင်းမှာမြှုပ်နှံခဲ့ပါတယ်။ ဒါ့ကြောင့် အသင်းမန်နေဂျာအဖြစ်နဲ့ ဆုဖလားရရှိခဲ့မယ်ဆိုရင် ဒါဟာ   ကျနော့်ရဲ့ ဘောလုံးအားကစားစာမျက်နှာမှာ ဂုဏ်အယူရဆုံး အခိုက်အတန့်ဖြစ်လာမှာပါ။ ဒါဟာ အကြီးမားဆုံး အောင်မြင်မှုပါ။” ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကို အဆင့် ၃ နဲ့ ရာသီသိမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး  နောက်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။  ဒီရာသီမှာ ဆုဖလားအောင်မြင်မှုတစ်ခုခုရရှိခဲ့ပါက နောက်ရာသီအတွက် တွန်းအားဖြစ်စေလိမ့်မယ်လို့ ယူနိုက်တက်နည်းပြက ယုံကြည်နေပါတယ်။  “ဆုဖလားတွေရရှိခဲ့ခြင်းက ငါနောက်ထပ်ထပ်လိုချင်တယ်ဆိုတဲ့စိတ်ကိုဖြစ်စေပါတယ်။ ဒါဟာ အာရုံစိုက်မှု နဲ့ ကြိုးစားအားထုတ်မှုကိုလည်း ပိုပြီးတော့ ဖြစ်စေပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။   
7 months Ago
Up