အိမ်ဖြူတော်အရာရှိချုပ်

November 7, 2020

အမေရိကန်အိမ်ဖြူတော်အရာရှိချုပ် ကိုဗစ်-၁၉ ကူးစက်ခံရ

လူပရိသတ်ရှေ့ကို ပါးစပ်နှာခေါင်းစည်းမပါဘဲ မကြာခဏ ထွက်လေ့ရှိသူ အမေရိကန် သမ္မတအိမ်ဖြူတော် အရာရှိချုပ် မာ့ခ်မေးဒိုးစ်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံထားရတယ်လို့ နိုဝင်ဘာ ၇ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  သူ ဘယ်အချိန် ဘယ်လို ကူးစက်ခံရတယ် ဆိုတာ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။ ဒါ့အပြင် မဲဆွယ်ရေး ထိပ်တန်းလက်ထောက် နစ်ခ်ထရိန်နာဟာလည်း ကူးစက်ခံ ထားရပါတယ်။ အရာရှိချုပ် မေးဒိုးစ်ဟာ ထရမ့်ရဲ့ ထိပ်တန်းအကြံပေးလည်းဖြစ်သလို မြောက်ကယ်ရိုလိုင်းနား လွှတ်တော်အမတ်ဟောင်းလည်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက်အထိ သမ္မတ ရွေးကောက်ပွဲ မဲဆွယ်ချိန်မှာ ထရမ့်နဲ့အတူ ရှိနေခဲ့သူပါ။ ထရမ့်ဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပြင်းထန်ပုံကို လျှော့တွက် ပြောဆိုလေ့ရှိသူလည်း ဖြစ်ပါတယ်။  ထိပ်တန်းကျန်းမာရေးပညာရှင်တွေရဲ့ လူသိရှင်ကြား ကြေညာချက်တွေကိုလည်း ဆန့်ကျင် ပြောဆိုတတ်သူပါ။  ထရမ့်ဇနီးနဲ့ သားတို့ဟာ အောက်တိုဘာလတုန်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါ သေးတယ်။ ထရမ့်ရဲ့ အမျိုးသား လုံခြုံရေးအကြံပေး ရောဘတ်အိုဘရိုင်ယန်ဟာလည်း ကူးစက်ခံရသူပါ။ ထရမ့်ရဲ့သူငယ်ချင်း ရီပတ်ဗလစ်ကင် သမ္မတလောင်း ကိုယ်စားလှယ် ဟာမဲန်းကိန်းကတော့ ဇူလိုင်လတုန်းက ထရမ့်ရဲ့ ချီတက်ပွဲတခုကို တက်အပြီး ဇူလိုင်လထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးခဲ့ပါတယ်။ 
1 year Ago
Up