အိမ်ဖြူတော်အရာရှိ

May 7, 2020

အမေရိကန်နှင့်တရုတ် ဆက်ဆံရေး စိတ်ပျက်၊ စိတ်ရှုပ်စရာဖြစ်နေဟု အိမ်ဖြူတော်အရာရှိပြော

အမေရိကန်နဲ့ တရုတ် ဆက်ဆံရေးဟာ စိတ်ပျက်၊ စိတ်ရှုပ်စရာဖြစ်နေတယ်လို့ အိမ်ဖြူတော်ရဲ့ ပြန်ကြားရေးအရာရှိ ကေးလိဂ် မက်နန်နီက မေ ၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးဗီဇအကျိုးဆက်တွေကို ရှန်ဟိုင်းက ပါမောက္ခတဦးက သူ့ဘာသာ စတင်လေ့လာခဲ့ပြီးတာ တောင်မှ တရုတ်အစိုးရဟာ သတင်းမထုတ်ပြန်ခဲ့ဘဲ သူ့ဓာတ်ခွဲခန်းကို ပိတ်ပစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။  ဒီဗိုင်းရပ်စ်ဟာ လူလူချင်းကူးစက်မှု ရှိတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတင်း ထုတ်ပြန်ချက်နှေးခဲ့ရတာလည်း တရုတ်ဘက်က တိတိကျကျ သတင်းမပေးတာကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။  အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်နိုင်တင်းအတည်ပြူ လူနာဦးရေဟာ မေ ၇ ရက်နေ့မှာ ၁ သန်း ၂ သိန်းကျော် ၁,၂၆၂,၆၉၂ ဦးဖြစ်ပြီး၊ သေဆုံးသူကတော့ ၇၄,၇၉၁ ဦး ရှိထားပါတယ်။
12 months Ago
Up