အိမ်ဖြူတော်သမားတော်

October 11, 2020

အမေရိကန်သမ္မတကတဆင့် အခြားလူများ ကိုဗစ်မကူးနိုင်တော့ဟု အိမ်ဖြူတော်သမားတော်ပြော

ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကနေတဆင့် တခြားလူတွေကို ကူးနိုင်တဲ့ဘေးအန္တရာယ် လုံးဝ မရှိတော့ဘူးလို့  အိမ်ဖြူတော်သမားတော် ရှောင် ကွန်းလေးက ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနဲ့ပတ်သက်ပြီး အောက်တိုဘာ ၁၀ ရက်က စစ်ဆေးချက် ရလဒ်အရ အခုလို ပြောကြားခဲ့တာလို့ ဆိုပါတယ်။  သမ္မတကို စစ်ဆေးရာမှာ ဗိုင်းရပ်စ်တွေ တက်တက်ကြွကြွ မျိုးပွားနေတဲ့ သက်သေ မပြတော့ဘူးလို့ ကွန်းလေးက ကြေညာချက်ထဲမှာ ပြောပါတယ်။  ကွန်းလေးရဲ့ ကြေညာချက်ဟာ သမ္မတထရမ့်မှာ ဗိုင်းရပ်စ် မရှိတော့တာကို စမ်းသပ်နိုင်တယ်လို့ ပြောတာ ဟုတ်၊ မဟုတ် အိမ်ဖြူတော်က မှတ်ချက်မပေးသေးပါဘူး။
7 months Ago
Up