အိမ်ဖြူတော်

January 24, 2021

တာလီဘန်များနှင့်ဆွေးနွေးခဲ့သည့်သဘောတူညီချက် ပြန်သုံးသပ်မည်ဟု အိမ်ဖြူတော်ပြော

အမေရိကန်အစိုးရဟာ တာလီဘန်တွေနဲ့ မနှစ်က ဆွေးနွေးထားတဲ့ ငြိမ်းချမ်းရေး သဘော တူညီချက်ကို ပြန်သုံးသပ်မယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် စူလေဗန်က အာဖဂန် အကြံပေးကို တယ်လီဖုန်းနဲ့ ပြောခဲ့တယ်လို့ အိမ်ဖြူတော်က ဇန်နဝါရီ ၂၃ ရက်မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။  တာလီဘန်တွေဟာ ကတိအတိုင်း အကြမ်းဖက် အုပ်စုတွေနဲ့ ဆက်ဆံရေး ဖြတ်တောက် တာ၊ အာဖဂန် နစ္စတန် နိုင်ငံအတွင်း အကြမ်းဖက်မှု လျှော့ချတာနဲ့ အာဖဂန် အစိုးရနဲ့ တခြား ပတ်သက်သူတွေနဲ့ အဓိပ္ပာယ် ပြည့်ဝတဲ့ ညှိနှိုင်းတာတွေ လုပ်သလားဆိုတာ ပြန်လှန်သုံးသပ်မယ်လို့ ဆူလေဗန်က အာဖဂန် အမျိုးသား လုံခြုံရေး အကြံပေး ဟမ်ဒူလာ မိုဟစ်ဘ်ကို ပြောပါတယ်။  အမေရိကန်နဲ့ တာလီဘန်တို့ ၂၀၂၀ ဖေဖော်ဝါရီမှာ ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်အရ အကြမ်းဖက်မှု တုံ့ပြန်ရေး အာမခံချက်တွေနဲ့ ဖလှယ်ဖို့ အမေရိကန် တပ်တွေဟာ ၂၀၂၁ မေလမှာ အာဖဂန် နစ္စတန် နိုင်ငံထဲကနေ ထွက်ခွာရမှာပါ။  အရင်အပတ်က အာဖဂန်မှာ အမေရိကန်စစ်သည် အင်အား ၂၅၀၀ သာ ကျန်ပြီး ဒါဟာ ၂၀၀၁ ခုနှစ်နောက်ပိုင်း အမေရိကန် စစ်သည် အင်အား အနည်းဆုံး အဆင့်လည်း ဖြစ်ပါတယ်။  ဒါပေမဲ့ အာဖဂန်မှာ အကြမ်းဖက်မှု ပိုတိုးလာနေပြီး အာဖဂန် အစိုးရနဲ့ တာလီဘန်တွေကြား အပစ်အခတ်ရပ်စဲဖို့ နိုင်ငံတကာက ဆော်သြခဲ့ရပါတယ်။  နှစ်ဖက်စလုံးက ကိုယ်စားလှယ်တွေ ဒီလအစောပိုင်းမှာ တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဒုတိယကျော့ ပထမပိုင်းကို ကျင်းပခဲ့ပါတယ်။  ဒီအစည်းအဝေးကနေ အပစ်အခတ် ရပ်စဲရေးနဲ့ အာဏာခွဲဝေရေး ဆွေးနွေးကြမယ်လို့ ထင်ကြေးပေးထားပါတယ်။
5 months Ago

January 20, 2021

သမ္မတဒေါ်နယ်ထရမ့် အိမ်ဖြူတော်မှ နှုတ်ခွန်းဆက်မိန့်ခွန်းပြော

အိမ်ဖြူတော်ကနေ ပြောကြားတဲ့ နှုတ်ဆက်မိန့်ခွန်းမှာ သမ္မတဒေါ်နယ်ထရမ့်က  အမေရိကန် ပြည်သူတွေဟာ သူ့ကို ရွေးကောက်တင်မြှောက်ခဲ့တဲ့အတွက် သူဟာ ခက်ခဲတဲ့တိုက်ပွဲတွေ၊ အပြင်းထန်ဆုံး ယှဉ်ပြိုင်မှုတွေနဲ့ အခက်ခဲဆုံး ရွေးချယ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဇန်နဝါရီ ၁၉ ရက်မှာ ပြောပါတယ်။ သမ္မတရာထူးသက်တမ်း ကုန်ဆုံးချိန်မှာတော့ ထရမ့်ဟာ ကပ်ရောဂါကြောင့် နေ့စဉ် လူထောင်ချီ သေဆုံးနေတဲ့၊ ဆိုးဆိုးရွားရွား စီးပွားရေး ထိခိုက်နေတဲ့ နောက်ပြီး နိုင်ငံရေး အကြမ်းဖက်မှုတွေ မြင့်တက်နေတဲ့၊ အမြင် ကွဲပြားလှတဲ့ အမေရိကန်နိုင်ငံကို ထားရစ်ခဲ့ပါတယ်။  ရွေးကောက်ခံသမ္မတ ဘိုင်ဒင်ကို ရှုံးနိမ့်တယ်လို့ ဝန်ခံဖို့ ငြင်းဆိုတာ၊ ထောက်ခံသူတွေကို ကွန်ဂရက်လွှတ်တော်ဆီ ချီတက်ဖို့ တွန်းအားပေးတာတွေက  အလိမ်အညာတပုံတပင်ကြားမှာ သူ့ရဲ့  သမ္မတသက်တမ်းကုန်ဆုံးတာကို အဓိပ္ပာယ်ဖော်နေပါတယ်။ သမ္မတထရမ့် ပေါ့ပေါ့တန်တန် သဘောထားခဲ့တဲ့ ကပ်ရောဂါ ကူးစက်မှု မြင့်တက်နေချိန်၊ ကပ်ရောဂါကြောင့် စီးပွားရေး ဆိုးဆိုးရွားရွား ကျဆင်းတာကနေ ဘဏ္ဍာရေးအခက်အခဲ မြင့်တက်နေချိန်မှာ ကစဉ့်ကလျား အာဏာလွှဲပြောင်းရတယ်လို့လည်း ရိုက်တာသတင်းမှာ ရေးပါတယ်။
5 months Ago
More News
Up