အိမ်ပြိုကျ

August 15, 2019

ချီလီတွင် အိမ် ၂ လုံးပြိုကျ၊ လူ ၆ ဦးထက်မနည်း သေဆုံး

ချီလီနိုင်ငံရဲ့ သမိုင်းဝင် ဆိပ်ကမ်းမြို့ ဗယ်လ်ပါရိုင်စိုမှာ အိမ် ၂ လုံး ပြိုကျလို့ လူ ၆ ယောက်ထက်မနည်း သေဆုံးတယ်လို့ မြို့အာဏာပိုင်တွေက အတည်ပြုပါတယ်။ လူလေးယောက် ပျောက်နေလို့ သြဂုတ် ၁၄ ရက် မနက်မှာ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေကို ပိုက်စိတ်တိုက် ရှာနေတယ်၊ သေဆုံးသူ အရေအတွက် ပိုတိုးလာနိုင်တယ်လို့ ဒေသန္တရ အရာရှိတယောက်က ပြောပါတယ်။ သမိုင်းဝင် ကမ္ဘာ့အမွေအနှစ် ပရိဝုဏ်ရှိရာ မတ်စောက်တဲ့ တောင်ကုန်းရဲ့ ခြေရင်းက အိမ် ၂ လုံး ပြိုကျခဲ့တာပါ။ လူငယ် ၂ ယောက်ကို ဒဏ်ရာတွေနဲ့ ရှာတွေ့ခဲ့လို့ ဆေးရုံတင်ပို့ထားပြီးပြီလို့ မီးသတ်ဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ အင်္ဂါနေ့ ဒေသစံတော်ချိန် ည ၈ နာရီမှာ အိမ်ပြိုကျတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မနက် ဆယ်နာရီမှာ ထပ်ပြိုကျတာတွေ ဖြစ်ခဲ့လို့ ရှာဖွေရေးလုပ်ငန်းတွေကို ယာယီရပ်နားခဲ့ရပါသေးတယ်။ အဆောက်အဦ ပြိုကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ပြိုမကျခင်လေးမှာ လူငယ် ၁၅ ယောက်လောက်ဟာ အဆောက်အဦနဲ့ကပ်လျက်က လှေကားခန်းထဲမှာ မတ်တပ်ရပ်နေခဲ့ကြတယ်လို့ ဒေသခံ မီဒီယာတွေက ထုတ်ပြန်ထားပါတယ်။
Zawgyi Version ခ်ီလီတြင္ အိမ္ ၂ လုံးၿပိဳက်၊ လူ ၆ ဦးထက္မနည္း ေသဆုံး DVB ခ်ီလီႏိုင္ငံရဲ႕ သမိုင္းဝင္ ဆိပ္ကမ္းၿမိဳ႕ ဗယ္လ္ပါ႐ိုင္စိုမွာ အိမ္ ၂ လံုး ၿပိဳက်လို႔ လူ ၆ ေယာက္ထက္မနည္း ေသဆံုးတယ္လို႔ ၿမိဳ႕အာဏာပိုင္ေတြက အတည္ျပဳပါတယ္။ လူေလးေယာက္ ေပ်ာက္ေနလို႔ ၾသဂုတ္ ၁၄ ရက္ မနက္မွာ ကယ္ဆယ္ေရးသမားေတြက အပ်က္အစီးေတြကို ပိုက္စိတ္တိုက္ ရွာေနတယ္၊ ေသဆံုးသူ အေရအတြက္ ပိုတိုးလာႏိုင္တယ္လို႔ ေဒသႏၲရ အရာရွိတေယာက္က ေျပာပါတယ္။ သမိုင္းဝင္ ကမာၻ႔အေမြအႏွစ္ ပရိဝုဏ္ရွိရာ မတ္ေစာက္တဲ့ ေတာင္ကုန္းရဲ႕ ေျခရင္းက အိမ္ ၂ လံုး ၿပိဳက်ခဲ့တာပါ။ လူငယ္ ၂ ေယာက္ကို ဒဏ္ရာေတြနဲ႔ ရွာေတြ႔ခဲ့လို႔ ေဆးရံုတင္ပို႔ထားၿပီးၿပီလို႔ မီးသတ္ဌာနက ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ အဂၤါေန႔ ေဒသစံေတာ္ခ်ိန္ ည ၈ နာရီမွာ အိမ္ၿပိဳက်တာျဖစ္ၿပီး ဗုဒၶဟူးေန႔မနက္ ဆယ္နာရီမွာ ထပ္ၿပိဳက်တာေတြ ျဖစ္ခဲ့လို႔ ရွာေဖြေရးလုပ္ငန္းေတြကို ယာယီရပ္နားခဲ့ရပါေသးတယ္။ အေဆာက္အဦ ၿပိဳက်ရတဲ့ အေၾကာင္းရင္းကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ ၿပိဳမက်ခင္ေလးမွာ လူငယ္ ၁၅ ေယာက္ေလာက္ဟာ အေဆာက္အဦနဲ႔ကပ္လ်က္က ေလွကားခန္းထဲမွာ မတ္တပ္ရပ္ေနခဲ့ၾကတယ္လို႔ ေဒသခံ မီဒီယာေတြက ထုတ္ျပန္ထားပါတယ္။
2 years Ago
Up