အိမ်ထဲမနေ

April 1, 2020

ဖိလစ်ပိုင်တွင် ဖခင်ဖြစ်သူက အိမ်ထဲမနေလိုသည့်သားငယ်ကို ဆံပင်ရိတ်ပြီး ပညာပေး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သားဖြစ်သူကို ဆံပင်တွေရိတ်ပြီး အပြင်မထွက်အောင်လုပ်ခဲ့တဲ့ ဖိလစ်ပိုင်က ဖခင်တဦးရဲ့လုပ်ရပ်က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ အွန်လိုင်းမှာ တော်တော်လေးကို ရေပန်းစားသွား ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတဝန်းလုံးကို ကူးစက်ပြန့်ပွားနေပြီး ဖိလစ်ပိုင်လည်းပါဝင်တာကြောင့် အစိုးရက နိုင်ငံရဲ့နေရာတော်တော်များများမှာ social distancing စနစ်ကိုကျင့်သုံးနေပြီး ပြည်သူတွေကို တတ်နိုင်သမျှ အိမ်ထဲကနေ မထွက်ဖို့တိုက်တွန်းထားပါတယ်။  ဒါပေမယ့် တနေကုန်အိမ်ထဲမှာပဲနေဖို့ဆိုတာက ထင်ထားတာထက်ပိုမိုခက်ခဲနေပြီး အထူးသဖြင့် ကလေးတွေရှိတဲ့ မိသားစုတွေမှာဆိုပိုဆိုးပါတယ်။ ကလေးဆိုတဲ့ အတိုင်း အိမ်ထဲမှာပဲနေရတာထက် သူငယ်ချင်းတွေနဲ့အပြင်ထွက်ဆော့ကစားဖို့ကို ပိုအားသန်ကြတာကြောင့် ကလေးမိဘတွေအနေနဲ့ ဒီအချိန်မှာ အရင်ကနဲ့မတူတဲ့ အကြံဉာဏ်တွေကို ရှာဖွေကျင့်သုံးရပါတော့တယ်။  ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ ပုံမှန်ထက်ထူးခြားတဲ့ ဆံပင်ပုံစံနဲ့ငိုနေတဲ့ ကလေးငယ်တဦးရဲ့ ပုံရိပ်တွေဟာ ဖိလစ်ပိုင်လူမှုကွန်ရက်တွေမှာ တော်တော်လေးရေပန်းစားခဲ့ပြီး ပြန်လည်မျှဝေသူပေါင်း ၆၀,၀၀၀  ကျော်နဲ့ ဝင်ရောက်မှတ်ချက်ရေးသူအများအပြားရှိခဲ့ပါတယ်။ ဒီကိစ္စဟာ ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှု ရှိနေစဉ်အတွင်း မိဘတွေကြုံတွေ့ရတဲ့ အခက်အခဲကို မီးမောင်းထိုးပြခဲ့တဲ့ကိစ္စဖြစ်ပြီး ပုံတွေထဲက ငိုနေတဲ့ ကလေးငယ်ဟာ အပြင်မထွက်ဖို့ပြောစကားကို နားမထောင်ဘဲ အပြင်ထွက်ဆော့ဖို့ ဂျီတိုက်ခဲ့သူဖြစ်ပါတယ်။ ဒီအခြေအနေမှာ သူ့ဖခင်က ပြောမရတဲ့ကလေးကို ဆူခြင်း၊ ရိုက်ခြင်းလုံးဝမရှိဘဲ ဓားတစ်ချောင်းကိုကိုင်ကာ သူ့ရဲ့ထိပ်နားက ဆံပင်တွေအကုန်လုံးကို ပြောင်အောင် ရိတ်ပေးလိုက်ပါတယ်။ ပုံတွေထဲမှာမြင်ရတဲ့အတိုင်းပဲ ကလေးငယ်ဟာ သူ့ဆံပင်ပုံဆံအပေါ်တ တော်တော်လေးမပျော်မရွှင်ဖြစ်နေပေမယ့် သူ့အဖေကတော့ သူ့လုပ်ရပ်ကို တော်တော်လေး အားရနေတယ်လို့ယူဆရပါတယ်။ ဒီပုံကို ကလေးငယ်ရဲ့အစ်မဖြစ်သူက လူမှုကွန်ရက်ပေါ်တင်ခဲ့တာဖြစ်ပြီး ကလေးရဲ့ခေါင်းမရိတ်ခင်ပုံစံနဲ့ နောက်ပိုင်းဆံပင်ပုံစံသစ်ကိုလည်း နှိုင်းယှဉ်ပြသထားပါတယ်။ ဖခင်ဖြစ်သူက ကလေးရဲ့ငယ်ထိပ်ထားတဝိုက်ကို ပြောင်နေအောင်ရိတ်ပေးလိုက်တာဖြစ်ပြီး ကျန်နေရာတွေမှာတော့ ဆံပင်ကိုပုံမှန်အတိုင်းပဲ ဆက်ရှိနေစေပါတယ်။  ဒီဆံပင်ပုံစံသစ်ကြောင့် ကလေးကရှက်ပြီး အပြင်မထွက်အောင်လုပ်ခဲ့တာဖြစ်ပေမယ့် လူမှုကွန်ရက်အသုံးပြုသူတဦးကတော့ “ဒီလောက်ကြီးကတော့များပါတယ်။ ကလေးက တော်တော်လေး စိတ်ထိခိုက်နေပုံပါပဲ” လို့ရေးသားထားတာကိုလည်း တွေ့ရပါတယ်။ 
1 year Ago
Up