အိမ်တွင်း ၁ လ

March 29, 2020

မက္ကဆီကိုပြည်သူအားလုံး အိမ်တွင်း ၁ လနေကြရန် လက်ထောက်ကျန်းမာရေးဝန်ကြီး မေတ္တာရပ်ခံ

မက္ကဆီကိုနိုင်ငံတွင်းနေထိုင်တဲ့ ပြည်သူအားလုံးကို အိမ်တွင်းမှာပဲ တလနေထိုင်ကြဖို့ မက္ကဆီကို လက်ထောက် ကျန်းမာရေးဝန်ကြီးက မတ် ၂၈ ရက်နေ့မှာ မေတ္တာရပ်ခံလိုက်ပါတယ်။  ဝန်ကြီးက ပြည်သူတွေအနေနဲ့ အိမ်တွင်းအောင်း နေခြင်းနည်းတခုတည်းနဲ့ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို လျှော့ချနိုင်မယ်လို့  ပြောပါတယ်။  ဒီနေ့ညနေပိုင်းအထိ မက္ကဆီကိုမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၈၄၈ ဦးရှိပြီး သေဆုံးသူ ၁၆ ဦးရှိထားပါတယ် ။ဒါ့အပြင် စနေနေ့စာရင်းတွေအရ တရက်တည်း ကူးစက်ခံရမှုကလည်း ၁၃၁ ဦး ဖြစ်လာပါတယ်။  လက်ထောက်ကျန်းမာရေး ဝန်ကြီး လိုပက်ဇ် ဂတ်တယ်လ်ကော့ အီတလီနဲ့ အမေရိကန်ပြည်  ထောင်စုတို့မှာဖြစ်သလိုမျိုး ဗိုင်းရပ်စ်ကူးစက်နှုန်း မြင့်မားတာကို လျှော့ချဖို့ တိုင်းပြည်ဟာ နောက်ဆုံးနေ့ရက်တွေထဲ ရောက်နေတယ်လို့လည်း ပြောခဲ့ပါတယ်။  မက္ကဆီကိုဟာ ပြီးခဲ့တဲ့အပတ်အတွင်း တရက်ကို ဗိုင်းရပ်စ်ကူးစက်ခံရနှုန်း ၁၀၀ ကျော်ရှိလာ ခဲ့ပါတယ်။ ဒါဟာ မက္ကဆီကိုစီးတီးလို နိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးမြို့တော်ကြီးမှာ လူသန်းပေါင်းများစွာက ကိုယ့်ဘာသာ သီးခြား ခွဲနေနေတာတောင်မှ ဖြစ်လာခဲ့တဲ့နှုန်းဖြစ်ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up