အိမ်တွင်းအကြမ်းဖက်မှု

April 20, 2022

အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခဲ့ခြင်းမရှိဟု မင်းသား ဂျော်နီဒပ် တရားရုံးတွင်ထွက်ဆို

နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင် မင်းသားဂျော်နီဒပ်နဲ့ သူ့ရဲ့ဇနီးဟောင်း အမ်ဘာဟတ်ဒ်တို့ ဧပြီ ၁၉ ရက်က  ဗာဂျီးနီးယားရုံးတော်မှာ အမှုရင်ဆိုင်ခဲ့ကြပါတယ်။

ဂျော်နီဒပ်ကို ဇနီးဟောင်းဖြစ်တဲ့ ဟတ်ဒ်ကဂျော်နီဒပ်က သူ့ကို ကိုယ်ထိလက်ရောက် ရိုက်နှက်တယ်ဆိုပြီး ဝါရှင်တန်ပို့စ် သတင်းစာမှာ ဆောင်းပါးရေးသားခဲ့တာကို ဂျော်နီဒပ်က အသရေဖျက်မှုနဲ့ပြန်ပြီး တရားစွဲထားတာပါ။ 

သူတို့ နှစ်ယောက် ပေါင်းသင်းခဲ့တဲ့ ကာလမှာ ဒီလိုမျိုး တခါမှ ကျူးလွန်တာ မရှိဘူးလို့ ဂျော်နီဒပ်က တရားရုံးမှာ ငြင်းဆိုပြီး လေးနာရီကြာအောင် လျှောက်လဲချက် ပေးသွားပါတယ်။

ဒီလို စွပ်စွဲခံရတဲ့အတွက် အလွန်အံ့သြမိတယ်လို့ ဂျော်နီဒပ်က အသံတိုးတိုးနဲ့ ပြောသွားပါတယ်။ ဂျော်နီဒပ်ဟာ အသက် ၅၈ နှစ်ရှိနေပြီး၊ ဇနီးဟောင်း အမ်ဘာဟဒ်က ၃၅ နှစ်အရွယ် ဖြစ်ပါတယ်။ ၂၀၁၈ တုန်းက အမ်ဘာက ဝါရှင်တန်ပို့စ်မှာ ရေးသားခဲ့တဲ့ ဆောင်းပါးမှာ သူဟာ လင်ယောကျ်ားရဲ့  အိမ်တွင်းအကြမ်းဖက်မှုကိုခံဖူးသူ တယောက်အနေနနဲ့ ထည့်သွင်းရေးသားခဲ့တာပါ။

ဒါကို မဟုတ်မမှန်စွပ်စွဲတယ်ဆိုပြီး ဂျော်နီဒပ်ဘက်က  အသရေဖျက်မှု လျော်ကြေး သန်း ၅၀ ရလိုမှုနဲ့ တရားစွဲထားတဲ့ အမှု ဖြစ်ပါတယ်။ 

10 months Ago

December 21, 2021

အိမ်တွင်းအကြမ်းဖက်မှုကို ပုပ်ရဟန်းမင်းကြီး ပြင်းထန်စွာရှုတ်ချ

အမျိုးသားတွေ သူတို့ရဲ့ အိမ်ထောင်ဖက်အပေါ် အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်တာဟာ ဆာတန်မာရ်နတ် လောက်နီးပါး ဆိုးယုတ်တဲ့ လုပ်ရပ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ခိုင်းနှိုင်း ပြောဆိုလိုက်ပါတယ်။

အီတလီ နိုင်ငံက TG5 ရုပ်သံကွန်ရက်မှာ ဒီဇင်ဘာ ၁၉ ရက်က ထုတ်လွှင့်တဲ့ အစီအစဉ်အတွင်း ဒီလိုအကြမ်းဖက်မှုကို သူ သုံးနှုန်းဖူးသမျှ အပြင်းထန်ဆုံး စကားလုံးတချို့နဲ့ မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။

“ဒါဟာ အရှက်ရစရာပဲ၊ သိပ်ရှက်ဖို့ ကောင်းတယ်” လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ အိမ်တွင်းအကြမ်းဖက်မှုကို ဆန့်ကျင်ပြီး အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့သူပါ။

အီတလီနိုင်ငံအတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ တရက်ကို ဖြစ်ရပ် ၉၀ လောက် ရှိတယ်လို့ ရဲတွေ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဆိုပါတယ်။

1 year Ago
More News
Up