အိမ်ခြေ ၄၀

October 18, 2020

ထိုင်းနိုင်ငံတွင် ရေကာတာကျိုး၍ အိမ်ခြေ ၄၀ ခန့်နှင့်လယ်ကွင်းများ ရေနစ်မြုပ်

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်ရတ်ချစီမာခရိုင်မှာ အောက်တိုဘာ ၁၈ ရက်က ဆည်တခုရဲ့ ရေကာတာ ကျိုးပေါက်ခဲ့လို့ လယ်ကွင်းတွေ၊ အိမ်တွေ ရေလွှမ်းခဲ့တယ်လို့ သိရပါတယ်။ လမ်ဖရာ့ဖလိုအန်ဆည်ရဲ့ ရေကာတာ တစိတ်တပိုင်း ကျိုးခဲ့လို့ ပတ်ထွန်ချိုင်မြို့ထဲမှာ ရေကြီးခဲ့ပြီး ဒေသခံတွေရဲ့ နေ့စဉ်ဘဝတွေကို ခြိမ်းခြောက်နေတယ်လို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။  အိမ်ခြေ ၄၀ လောက် ရေမြုပ်ခဲ့ပြီး အာဏာပိုင်တွေက ရေတွေကို အနားက ဆည်ထဲ ဖောက်ချနေရပါတယ်။  ကယ်ဆယ်ရေးလုပ်သားတွေက ရေဘေးသင့် ပြည်သူတွေကို ကယ်ဆယ်ရေးပစ္စည်းတွေ ဝေငှဖို့ လှေတွေကို သုံးခဲ့ရတယ်လို့ ထိုင်း PBS ရုပ်သံက ကြေညာပါတယ်။  လေဖိအားနည်း ရပ်ဝန်းကြောင့် နိုင်ငံအရှေ့ပိုင်း ဆာ့ခယိုနဲ့ ပရာချင်ဘူရီ ပြည်နယ်တွေ အပါအဝင် ထိုင်းနိုင်ငံရဲ့ ပြည်နယ်အတော်များများမှာ ဆိုးဆိုးရွားရွား ရေကြီးနေပါတယ်။ လာမယ့်ရက်တွေအတွင်း ထိုင်းနိုင်ငံ နေရာအနှံ့အပြားမှာ မိုးပိုရွာမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 
2 years Ago
Up