အိမ်ခြေ ၂သောင်းခွဲ

October 15, 2020

တိုက်ဖုန်းဒဏ်သင့်ဒေသ ပြန်နာလန်ထူရေးနှင့် အိမ်ခြေ ၂သောင်းခွဲဆောက်ရန် ကင်ဂျုံအန်း ကတိပြု

တိုက်ဖုန်းဒဏ်သင့်ဒေသ ပြန်လည်နာလန်ထူရေး ကူညီဖို့နဲ့ လာမယ့်ငါးနှစ်အတွင်း အိမ်ခြေ နှစ်သောင်းခွဲထက် မနည်း တည်ဆောက်ဖို့ မြောက်ကီုးယား ခေါင်းဆောင် ကင်ဂျုံအန်းက ကတိပြုလိုက်တယ်လို့ အစိုးရမီဒီယာက အောက်တိုဘာ ၁၄ ရက်မှာ ကြေညာပါတယ်။  မြောက်ကိုရီးယားမှာ မုန်တိုင်းဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့နေရာတွေကို သွားရောက် လည်ပတ်ရင်း နှစ် ၅၀ ကျော် သက်တမ်းရှိတဲ့ အိမ်တွေထဲမှာ ပြည်သူတွေနေရတာကို ကင်က ဝမ်းနည်းကြောင်း ပြခဲ့ပြီး ပိုရည်မှန်းချက် ကောင်းတဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေကို ဆောက်ဖို့ စစ်တပ်ကို တိုက်တွန်းခဲ့တယ်လို့ KCNA က ပြောပါတယ်။  ဟမ်ဂျောင်းခရိုင်တောင်ပိုင်းထဲက ကွန်မ်ဒေါ့နယ်မြေမှာ အိမ်လုံးရေ ၂၃၀၀ ထက် မနည်းကို စစ်တပ်က ဆောက်နေတာ ၆၀ ရာခိုင်နှုန်း ပြီးနေပြီး အဲဒီနေရာဟာ မြို့တော် ပြုံယမ်းရဲ့ အရှေ့ မြောက်ဘက်မှာ ရှိတယ်လို့ အစိုးရမီဒီယာက ပြောပါတယ်။  မြောက်ကိုရီးယားဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေ၊ နိုင်ငံတကာ ပိတ်ဆို့ ဒဏ်ခတ်မှုတွေနဲ့ ပြင်းထန်တဲ့ တိုက်ဖုန်းမုန်တိုင်းဒဏ်တွေကို ခံခဲ့ရလို့ ခက်ခဲတဲ့ နှစ်ကို ရင်ဆိုင်နေရပါတယ်။
7 months Ago
Up