အိမ်ကွင်းအမည်အသုံးပြုခွင့်

April 22, 2020

ဘာစီလိုနာအသင်းက အိမ်ကွင်းအမည်အသုံးပြုခွင့်ရောင်းချပြီး COVID-19 အရေးကူညီမည်

စပိန်ထိပ်သီး ဘာစီလိုနာအသင်းဟာ နူးကမ့်ကွင်းရဲ့ အမည်အသုံးပြုခွင့်ကို ရောင်းချပြီး COVID-19 ရောဂါ အခက်အခဲကို ကူညီသွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဘာစီလိုနာအသင်း ဘုတ်အဖွဲ့ဟာ ဧပြီ ၂၁ ရက်နေ့က အွန်လိုင်းကနေ အစည်းအဝေးလုပ်ခဲ့ပြီး လာမယ့်ဘောလုံးရာသီ တနှစ်စာအတွက် သူတို့ရဲ့အိမ်ကွင်း နူးကမ့်ကွင်းရဲ့အမည် အသုံးပြုခွင့်ကို ရောင်းချသွားမှာ ဖြစ်ပါတယ်။ နူးကမ့်ကွင်းမှာ ဥရောပရဲ့အကြီးမားဆုံးကွင်းဖြစ်ပြီး ပရိသတ် ၉၉,၀၀၀ ဝင်ဆံ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေး အခက်အခဲတွေ ရှိနေတာတွေကို ကူညီဖို့အတွက် ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းအမည် အသုံးပြုခွင့်ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။  စပိန်နိုင်ငံဟာ ဗိုင်းရပ်စ် ကူးစက်မှုအများဆုံး နိုင်ငံစာရင်းမှာ ပါဝင်နေပြီး သေဆုံးသူ အရေအတွက် ၂၀၀၀၀ ကျော်နေပြီ ဖြစ်ပါတယ်။
1 year Ago
Up