အိမ် ၁၀၀ ကျော်ကို ဖျက်ဆီးခဲ့သည့် ဆင်ရိုင်း (ရုပ်သံ)

A d v e r t i s e m e n t With Us

February 10, 2016

အိမ် ၁၀၀ ကျော်ကို ဖျက်ဆီးခဲ့သည့် ဆင်ရိုင်း (ရုပ်သံ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက အနောက် ဘင်ဂေါပြည်နယ်မှာ ဆင်ရိုင်းတကောင်က ရွာထဲကို ၀င်ရောက်ခဲ့တဲ့ အတွက် အဆောက်အဦ ၁၀၀ လောက်ပျက်စီးသွားပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းမှာ ဆင်ဟာ အက်တီဆာ ရွာထဲကိုရောက်လာပြီး တချို့ အဆောက်အဦတွေကို ဖြိုလဲပစ်လိုက်တဲ့အတွက် ဒေသခံတွေကလည်း ဘေးလွှတ်ရာကို ထွက်ပြေးခဲ့ကြပါတယ်။ ဆင်ဝင်ရောက် ဖျက်ဆီးနေတဲ့ ရုပ်သံဖိုင်ကို ရွာသားတွေက ရိုက်ကူးထားပြီး အင်တာနက် စာမျက်နှာပေါ် တင်ခဲ့ပါတယ်။ ကြီးမားတဲ့ဆင်က ဆိုင်တွေနဲ့ အိမ်တွေကို ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယ အရှေ့ပိုင်းမှာ အခုလို ဆင်တွေ တိုက်ခိုက်မှုဟာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိတယ်လို့ ဆိုပါတယ်။
5 years Ago
Up