အိမ်ပြိုကျပြီး မြေကြီးထဲနစ်မြုပ်ခဲ့သော်လည်း သေကံမရောက် သက်မပျောက်ခဲ့သူ

May 2, 2016

အိမ်ပြိုကျပြီး မြေကြီးထဲနစ်မြုပ်ခဲ့သော်လည်း သေကံမရောက် သက်မပျောက်ခဲ့သူ (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ဖူဂျီယန်ခရိုင်၊ မင်ရှီစီရင်စုနယ်မြေတခုထဲမှာ အိမ်ပြိုကျလို့ မြေကြီးထဲ နစ်မြုပ်ခဲ့ရတဲ့ အမျိုးသားတဦးကို ကယ်ဆယ်ရေးသမားတွေက တူးဖော်ကယ်တင်ခဲ့ရတယ်လို့ စီစီတီဗွီသတင်းမှာ မေလ ၂ ရက်နေ့က ဖော်ပြပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းပြီးတဲ့နောက်မှာ အိမ်ပြိုကျခဲ့ပြီးနောက် အဆိုပါအမျိုးသားဟာ မရှောင်တိမ်းနိုင်ခဲ့ဘဲ အဆောက်အဦရဲ့ သစ်သား၊ သံ စတဲ့ အပိုင်းအစတွေ၊ ရွှံ့တွေနဲ့အတူ တကိုယ်လုံးကို နှစ်မြုပ်လိုက်သလို ဖြစ်သွားခဲ့တာပါ။ မြေကြီးအောက်မှာ မျက်နှာကလွဲပြီး ကိုယ်ခန္ဓာတခုလုံး နစ်မြုပ်နေခဲ့တဲ့ အဲဒီအမျိုးသားကို ကယ်ဆယ်ရေးကိရိယာတွေ အသုံးပြုပြီး ကယ်တင်ရင် ထိခိုက်နိုင်တာကြောင့် လက်ချည်းသက်သက် တူးဖော်ကယ်တင်ဖို့ ကယ်ဆယ်ရေးသမားတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ကယ်ဆယ်ရေးသမားတွေဟာ သူ့ကို ကံကောင်းထောက်မစွာပဲ ကယ်တင်လိုက်နိုင်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ သူ့ခန္ဓာကိုယ်မှာ အသေးအမွှား ဒဏ်ရာတချို့တလေ ရရှိခဲ့ရုံမှအပ တခြား အသက်အန္တရာယ် ထိခိုက်စေမယ့် ဒဏ်ရာတွေ မရရှိခဲ့ဘူးလို့ သတင်းက ဆိုပါတယ်။
6 years Ago
Up