အိမ်ပြို

April 18, 2018

ပေါင်းတည်မြို့နယ်တွင် လေပြင်းတိုက်၍ အမျိုးသမီး ၁ ဦး အိမ်ပြိုပိသေဆုံး

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်ထဲက ကျေးရွာတရွာမှာ လေပြင်းတိုက်လို့ အိမ် ၁၅ လုံးလောက် ပြိုလဲပျက်စီးသွားကာ အမျိုးသမီးတဦး အိမ်ပြိုပိလို့ သေဆုံးခဲ့ပါတယ်။ ကြာနီကန်အုပ်စု ကြို့ပင်အိုင်ကျေးရွာမှာ ဧပြီ ၁၆ ရက်က တိုက်ခတ်သွားတဲ့ လေပြင်းကြောင့် အိမ်ပြိုကျလို့ သားအမိ ၂ ယောက် အိမ်ပိပြီး အမေဖြစ်သူ သေဆုံးသွားကာ ၁၂ နှစ်အရွယ် သမီးလေးတယောက်ထဲ ကျန်ခဲ့ပါတယ်။ ၁၂ အရွယ်မိန်းကလေးငယ်လည်း ထိခိုက်ဒဏ်ရာရှိပြီး ဆေးကုသမှုခံနေရပါတယ်။ ပေါင်းတည်မြို့နယ်အတွင်း ထန်းတစ်ပင်ကျေးရွာအုပ်စု၊ မဲခေါင်းကျေးရွာအုပ်စု၊ ကြာနီကန် ကျေးရွာအုပ်စု၊ ဘိုးသာအောင်ကုန်း အိမ်ခြေ ၅၀၀ နီးပါးလောက်နဲ့ နတ္တလင်းမြို့နယ်အတွင်း ပျဉ်ပုံကျေးရွာအုပ်စုမှာ အိမ်ခြေ ၁၃၃ လုံးခန့်၊ စုစုပေါင်း အိမ် ၆၀၀ ကျော် ပျက်စီးခဲ့ပါတယ်။
3 years Ago
Up