အိမ်ခြေမဲ့

November 19, 2018

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အိမ်ခြေမဲ့ အယောက် ၃၀၀၀ ခန့်နှင့်အတူ နေ့လယ်စာစားပွဲ တက်ရောက်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဗာတီကန်စီးတီးက စိန့်ပီတာဘုရားကျောင်းမှာ အိမ်ခြေမဲ့ အယောက် ၃၀၀၀ လောက်နဲ့ လုပ်အားပေးအုပ်စု တခုနဲ့အတူ နိုဝင်ဘာ ၁၈ ရက်က နေ့လယ်စာစားပွဲ တက်ရောက်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ကမ္ဘာ့ဆင်းရဲနွမ်းပါးသူများနေ့အတွက် လူထုတွေ့ဆုံပွဲ အနေနဲ့လည်း တက်ရောက်လာတာပါ။ ဟီလ်တန်ဟိုတယ်က ပံ့ပိုးပြီး စားပွဲထိုးဝန်ထမ်းတွေက ပြင်ဆင်ပေးတဲ့ နေ့လယ်စာအတွက် ကျေးဇူးတင်ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ အခန်းထဲက လူအားလုံးကို ဘုရားသခင် ကောင်းချီးပေးပါစေလို့လည်း ဆုတောင်းပေးပါတယ်။ တရားမမျှတမှုဟာ ဆင်းရဲမှုရဲ့ အရင်းအမြစ်ပဲလို့လည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောပါတယ်။ ဆင်းရဲသားတွေရဲ့ နေ့စဉ်ငိုကြွေးသံက ပိုကျယ်လာပေမယ့် ကြားတာတော့ ပိုနည်းလာတယ် လို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ အောက်စ်ဖမ်း (OXfam) အဖွဲ့က ဒီနှစ်ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေ တဝက်နဲ့ညီတဲ့ ၃ ဒသမ ၇ ဘီလျံဟာ ၂၀၁၇ တုန်းက ကြွယ်ဝမှုထက် ပိုတိုးမလာဘူးလို့ ဆိုပါတယ်။ ကမ္ဘာ့ကြွယ်ဝမှု စုစုပေါင်းရဲ့ ၈၂ ရာခိုင်နှုန်းကတော့ ကမ္ဘာ့အချမ်းသာဆုံးဖြစ်တဲ့ ကမ္ဘာ့လူဦးရေရဲ့ ၁ ရာခိုင်နှုန်းဆီမှာ သွားစုနေတယ်လို့ အောက်စ်ဖမ်းက ဖော်ပြထားပါတယ်။
2 years Ago
Up