အိမ်သာခွက်ထဲ ခေါင်းညပ်ပြီး ပြန်ထုတ်မရသည့် ကလေးငယ်ကို ကယ်တင်

A d v e r t i s e m e n t With Us

September 7, 2016

အိမ်သာခွက်ထဲ ခေါင်းညပ်ပြီး ပြန်ထုတ်မရသည့် ကလေးငယ်ကို ကယ်တင်

အင်္ဂလန်နိုင်ငံမှ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦးဟာ အိမ်သာခွက်ထဲမှာ ခေါင်းညပ်ပြီး ပြန်ထုတ်မရဘဲ ဖြစ်နေခဲ့တဲ့အတွက် မီးသတ်ကယ်ဆယ်ရေးဌာနက ကူညီ ကယ်တင်ခဲ့ကြရပါတယ်။ ဒီအဖြစ်အပျက်ဟာ စက်တင်ဘာ ၄ ရက်နေ့က ဖြစ်ခဲ့တာလို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ လူကာ အမည်ရတဲ့ အဲဒီကလေးငယ်ဟာ အင်္ဂလန်နိုင်ငံ၊ ဘရန်စလေမြို့မှာ နေထိုင်တာဖြစ်ပြီး ခုလိုဖြစ်ခဲ့ချိန်မှာ မိခင်ဖြစ်သူ နီကိုလာက ဒေသတွင်း မီးသတ်ဌာနဆီ ကားနဲ့ ခေါ်ဆောင်လာခဲ့ရတာပါ။ သူဟာ အိမ်သာခွက်ထဲ ခေါင်းညပ်လျက်သား အခြေအနေမှာတောင် ပြုံးပြုံးရွှင်ရွှင်နဲ့ ရှိနေခဲ့တာကို တွေ့ရပါတယ်။ မီးသတ်ကယ်ဆယ်ရေးသမားတွေဟာ ကလေးငယ်ရဲ့ဦးခေါင်းမှာ စွပ်လျက်သားရှိနေတဲ့ ပလတ်စတစ် အိမ်သာခွက်ကို ဘေးမှညှပ်ထုတ်ပြီး ကယ်တင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ မီးသတ်သမား ဒေ့ဗ်ရော်ဂျာက “ဒါဟာ ကျနော်တို့ ကြုံဖူးသမျှ ထူးဆန်းတဲ့ အဖြစ်အပျက်တွေထဲက တခုပါပဲ။ ဒါပေမယ့် ခုလိုကူညီခွင့်ရလို့လည်း ပိုပြီး ပျော်ရွှင်မိပါတယ်” လို့ ပြောပါတယ်။
4 years Ago
Up