အိမ်ရှင် လီဗာပူး

A d v e r t i s e m e n t With Us

January 22, 2017

အိမ်ရှင် လီဗာပူး ဆွမ်ဆီအသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့် (ရုပ်သံဟိုက်လိုက်)

စနေနေ့ည အစောဆုံးယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ ဆွမ်ဆီအသင်းက လီဗာပူးကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ဒီပွဲရှုံးလိုက်လို့ လီဗာပူးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်တွေကို ထိုးနှက်ခံလိုက်ရသလို ဖြစ်သွားပါတယ်။ ဆွမ်ဆီအတွက် ဂိုးတွေကို ၄၈ မိနစ်နဲ့ ၅၂ မိနစ်မှာ လောရန်တီက သွင်းယူပါတယ်။ အဲဒီနောက်မှာ လီဗာပူးက ဆက်တိုက်ဆိုသလိုပဲ ချေပဂိုး ၂ ဂိုးကို ၅၅ မိနစ်နဲ့ ၆၉ မိနစ်မှာ ဖာမီနိုက သွင်းယူပါတယ်။ လီဗာပူးက အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှု တဖက်သတ် အသာစီးယူ ကစားနိုင်သလို ထိုးဖောက်ကန်သွင်းခွင့် ၁၆ ကြိမ် ရခဲ့ပါတယ်။ ဆွမ်ဆီကတော့ ရတဲ့ အခွင့်အရေးတွေကို အပိုင် အသုံးချနိုင်ခဲ့ပါတယ်။ ဆွမ်ဆီအတွက် အနိုင်ဂိုးကို ၇၄ မိနစ်မှာ ဆစ်ဂါဆန်က သွင်းယူပြီး အနိုင်ရ သွားပါတယ်။ ဒီပွဲနိုင်လို့ ဆွမ်ဆီက ၁၈ မှတ်နဲ့ အဆင့် ၁၇ မှာ ရပ်တည်နေပါတယ်။ လီဗာပူးကတော့ အမှတ်ပေးဇယားထိပ်က ချဲလ်ဆီးနဲ့ ၇ မှတ်အကွာကို ရောက်ရှိသွားပါတယ်။
4 years Ago
Up