အိမ်ရာမဲ့ဘဝ ရောက်မည်ကို စိုးရိမ်နေသည့်

December 25, 2017

အိမ်ရာမဲ့ဘဝ ရောက်မည်ကို စိုးရိမ်နေသည့် အာဆင်နယ် ကစားသမားဟောင်း

အာဆင်​နယ်​အသင်းရဲ့ ကစားသမား​ဟောင်း အီဘို​ယေးဟာ တ​ချိန်​က ချမ်းသာကြွယ်​ဝပြီး နာမည်​ကြီးခဲ့​ပေမယ့် အခုအချိန်​မှာ​တော့ အိမ်​​ရာမဲ့ဘဝ​ကို ​ရောက်​​တော့မှာကို​ ကြောက်​ရွံ့​နေပြီး ကိုယ့်ကိုယ်ကိုယ်​ သတ်​​သေဖို့အထိ ​တွေးမိခဲ့တယ်​လို့ ပြောပါတယ်​။ ဇနီးသည်​ ​အော်​ရီလီနဲ့ ကွာရှင်းခဲ့မှုမှာ တရားရုံးက အီဘို​ယေးရဲ့ ပိုင်​ဆိုင်​မှုအားလုံးအား ဇနီးသည်​ကို လွှဲ​ပြောင်း​ပေးရမယ်​လို့ အမိန့်​ချမှတ်​ခဲ့လို့ လက်​ရှိမှာ အထုပ်​အပိုး​တွေ ပြင်​ထားပြီး​ တံခါးလာ​ခေါက်​သံကို ​​စောင့်ဆိုင်း​နေရတယ်​လို့ ဆိုပါတယ်​။ လက်ရှိအချိန်​မှာ​တော့ သူ့ရဲ့သူငယ်​ချင်း​တွေအိမ်​မှာ သွား​နေမယ်​လို့ ဆိုထားပါတယ်​။ ​သူဟာ ​ငွေနဲ့ပတ်​သက်ပြီး စီမံခန့်​ခွဲမှုညံ့ကြောင်း၊  သူနဲ့အတူတူ တွဲကစားဖူးတဲ့ ကစားသမား​တွေကို​ တွေ့ရင်​ ရှက်​မိ​ကြောင်းလည်း ​ပြောပါတယ်​။ အီဘို​ယေးဟာ အာဆင်​နယ်​အသင်းအတွက်​ ချန်​ပီယံလိဂ်​ဖိုင်​နယ်​၊ ပရီးယားလိဂ်​မှာ ၇ ရာသီနဲ့ မိခင်​အိုင်​ဗရီကို့စ် အသင်းကို အာဖရိကဖလား ဖိုင်​နယ်​အဆင့် ရောက်​ရှိအောင် စွမ်း​ဆောင်​​ပေးနိုင်​ခဲ့သူလည်း ဖြစ်​ပါတယ်​။ ဒါ့အပြင်​ သူ့အ​နေနဲ့ ကစားခဲ့ဖူးတဲ့ ကလပ်​အသင်း​တွေက ဘယ်​အလုပ်​နဲ့မဆို ​ခေါ်ယူမယ်​ဆို လုပ်​သွားမယ်​လို့ ​ပြောကြားခဲ့ပါ​သေးတယ်​။
3 years Ago
Up