အိမ်ယာဝယ်ယူရန် အခက်အခဲရှိ

A d v e r t i s e m e n t With Us

September 18, 2016

လစာ ၃ သိန်းရရှိဝန်ထမ်းများအနေဖြင့် အိမ်ယာဝယ်ယူရန် အခက်အခဲရှိ

ရန်ကုန်မြို့မှာလစာ ၃ သိန်းရရှိတဲ့ဝန်ထမ်းတွေ အမှုထမ်းတွေအနေနဲ့ အိမ်ယာဝယ်ယူဖို့ အခက်အခဲတွေရှိနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့ပြစီမံကိန်း ရေးဆွဲရေးညွှန်ကြားရေးမှူး ဒေါက်တာတိုးအောင်က စက်တင်ဘာလ ၁၇ ရက်နေ့ကပြည်လမ်းရှိ IBC ခန်းမမှာပြုလုပ်တဲ့ တန်ဖိုးနည်းအိမ်ယာဆွေးနွေးပွဲမှာ ပြောပါတယ်။ လစာ ၃ သိန်းနဲ့ ၃ သိန်းအောက်ရရှိတဲ့ ၀န်ထမ်းအများစုကတော့ လက်ရှိမှာအိမ်ယာတွေ တည်ဆောက်နေပေမယ့်  ၀ယ်ယူနိုင်ခြင်းမရှိသလို အိမ်ပိုင် ယာပိုင် မရှိတဲ့သူကလည်း အများစု ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်က လစာ ၄ သိန်းရရှိတဲ့သူတွေကို ၀င်ငွေအလယ်အလတ်အဆင့်လို့ သတ်မှတ်ထား ပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ကတော့ လစာ ၃ သိန်းက ၀င်ငွေအလယ်အလတ် အဆင့်မှာပဲ ရှိပါတယ်။ ရန်ကုန်တမြို့လုံးက လစာဝင်ငွေကိုကြည့်မယ်ရင် လစဉ် ၁ သိန်းခွဲ ၂ သိန်းဝန်းကျင် ရရှိသူက ၅၀ ရာခိုင်နှုန်းလောက်ရှိပြီး ၂ သိန်းအထိရရှိတာက ၇၆ ရာခိုင်နှုန်းနဲ့ ၃ သိန်းအထိရရှိတာက ၉၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။
4 years Ago
Up