အိမ့်ချစ်

January 27, 2021

မြန်မာ့အသံစိန်ရတုဂီတဖျော်ဖြေပွဲ ဇော်ပိုင်၊ R.ဇာနည်၊ အိမ့်ချစ်နှင့် အဆိုတော်များပါဝင်

မြန်မာ့အသံနဲ့ရုပ်မြင်သံကြားရဲ့ စိန်ရတုဂီတဖျော်ဖြေပွဲတွေကို အပတ်စဉ်ပြုလုပ်နေ ပြီး ခုတပတ်မှာတော့ နာမည်ကြီးတေးသံရှင်တွေ ဖြစ်ကြတဲ့ ဇော်ပိုင်၊ R.ဇာနည်၊ အိမ့်ချစ် တို့နဲ့ တခြားအဆိုတော်တွေ ပါဝင်သွားကြဖို့ ရှိနေပါတယ်။

မြန်မာ့အသံ-ရေဒီယိုခေတ်က ထင်ရှားကျော်ကြားခဲ့တဲ့ တေးသီချင်းတွေထဲက သီချင်း ၇၅ ပုဒ်ကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတာဖြစ်ပါတယ်။

ခုလာမယ့် ဇန်နဝါရီ ၂၉ ရက်ည ပွဲစဉ် ၈ မှာတော့ ဇော်ပိုင်၊ R.ဇာနည်၊ အိမ့်ချစ် တို့နဲ့အတူ ဖြိုးကြီး၊ ဖိုးကာ၊ ရွှေထိုက်၊ ဖူးဖူးသစ်တို့က THE TREES တေးဂီတအဖွဲ့နဲ့ ပါဝင် သွားကြမှာ ဖြစ်ပါတယ်။

ဒီဖျော်ဖြေပွဲကိုတော့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)ရဲ့ ည ၈ နာရီသတင်း အပြီးမှာ တိုက်ရိုက်ရိုက်ကူးထုတ်လွှင့်သွားမှဖြစ်ပြီး MRTV ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်ပေါ်က တဆင့်လည်း စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

3 months Ago

June 15, 2020

ဝေလ၊ ရွှေထူး၊ အိမ့်ချစ်နှင့် အဆိုတော်များ ပါဝင်သည့် ကိုဗစ်-၁၉ ရန်ပုံငွေအွန်လိုင်းဂီတ ဖျော်ဖြေပွဲ ကျင်းပမည်

နာမည်ကြီး တေးသံရှင်တွေ ဖြစ်ကြတဲ့ ဝေလ၊ ရွှေထူး၊ အိမ့်ချစ်တို့ အပါအဝင် အဆိုတော် ၈ ယောက်ပါဝင်တဲ့ အွန်လိုင်းရန်ပုံငွေဂီတဖျော်ဖြေပွဲတခု ကျင်းပသွားဖို့ ရှိနေပါတယ်။ The Sound of Happiness လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကိုတော့ ဇွန်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ World Music Day မှာ JOOX အပလီကေးရှင်းကနေတဆင့် အွန်လိုင်းလိုက်ဖ်အနေနဲ့ ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ တခြားအဆိုတော်တွေအနေနဲ့ Big Bag၊ ဖြိုးပြည့်စုံ၊ ဖြူဖြူကျော်သိန်း၊ မေနဲ့ ချမ်းမြေ့မောင်ချိုတို့ကလည်း ပါဝင်သွားကြမှာ ဖြစ်ပြီး နိုင်ငံတကာက အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တွေကလည်း ဖျော်ဖြေတင်ဆက်သွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။ ပရိသတ်တွေအနေနဲ့ ဒီဖျော်ဖြေပွဲကို ကြည့်ရှုရင်း ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုတော်ကို အပ လီကေးရှင်းထဲမှ Gift တွေပေးကာ အားပေးကြည့်ရှုနိုင်ပြီး  ဒီကရရှိတဲ့ ငွေတွေကို လတ်တလော ကိုဗစ်-၁၉ ရောဂါတုံ့ပြန်တားဆီးရေး အစီအစဉ်တွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ကူညီပေးနေတဲ့ ယူနီဆက်ဖ်(UNICEF) အဖွဲ့ကို လှူဒါန်းမှာဖြစ်တယ်လို့ ဆိုပါတယ်။
10 months Ago
Up