အိပ်မွေ့ချ

October 2, 2015

ဂျာမန်ခွေးလေး က လူ ၁၁ ဦးကို အိပ်မွေ့ချနိုင်သည့် စွမ်းရည်ပြသ (ရုပ်သံ)

စပစ်တ်ဇ်ကိန်းနိုင်း အမျိုးအစား ဂျာမန်ခွေးလေးတကောင်ဟာ မယုံနိုင်စရာ ကောင်းလောက်အောင် အိပ်မွေ့ချနိုင်စွမ်းရှိတဲ့ သူ့ရဲ့စွမ်းရည်တွေကို တရုတ်နိုင်ငံအခြေစိုက် ရုပ်သံအစီအစဉ်တခုမှာ ပြသခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ ၄၁ နှစ်အရွယ် အင်္ဂလိပ်အမျိုးသမီးတဦး ပိုင်ဆိုင်တဲ့ အဲဒီခွေးလေးဟာ သူ့ရဲ့ မျက်လုံးအကြည့်ကို အသုံးပြုပြီး အိပ်မွေ့ချနိုင်စွမ်း ရှိနေတာဖြစ်ပြီး “မဖြစ်နိုင်တဲ့ စိန်ခေါ်မှု” လို့ အမည်ပေးထားတဲ့ တရုတ်နိုင်ငံ ရုပ်သံအစီအစဉ်မှာ လူ ၁၁ ဦးကို အလွယ်တကူ အိပ်မွေ့ချပြခဲ့တာပါ။ ပရိသတ်တွေကို အံ့အားသင့်စေတဲ့ ဒီဖြစ်ရပ်ဟာ ခုချိန်မှာတော့ အွန်လိုင်းစာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။
6 years Ago

August 15, 2015

ငါးမန်း ကို အိပ်မွေ့ချပြီး ငါးမျှားချိတ်များ ဖယ်ရှားပေးသူ (ရုပ်သံ)

စီစီတီဗွီ-၁ ရဲ့ ဖြစ်ရပ်မှန် ရုပ်မြင်သံကြားရှိုး အစီအစဉ်သစ်တခုမှာ နိုင်ငံပေါင်း ၂၆ နိုင်ငံက ယှဉ်ပြိုင်သူတွေပါဝင်တဲ့ ပြင်းပြင်းထန်ထန် စိန်ခေါ်မှုတွေနဲ့ ယှဉ်ပြိုင်ရမယ့် အစီအစဉ်တခုကို မိတ်ဆက်လိုက်ပါတယ်။ ဒီအစီအစဉ်မှာ ခရစ္စတင်းဇန်န၀ီ အမည်ရှိတဲ့ အမျိုးသမီးက ငါးမန်း တွေကို အိပ်မွေ့ချပြီး သူတို့ပါးစပ်တွေထဲမှာ စူးကျန်နေခဲ့တဲ့ ငါးမျှားချိတ်တွေ ဖယ်ရှားပေးခဲ့တာကို ပြသခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။ အီတလီနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ခရစ္စတင်းဇန်န၀ီဟာ အသက် ၁၆ နှစ်အရွယ်မှာ ဒိုင်ဗင်ထိုးတာကို သင်ယူဖို့ ဘဟားမားစ်နိုင်ငံကို ရွှေ့ပြောင်းခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက ငါးမန်းတွေနဲ့ တရင်းတနှီးရှိနေခဲ့တာပါ။ အဲဒီနောက်မှာတော့ သူ့ရဲ့သတိထားမိလောက်တဲ့ စွမ်းရည်တွေကြောင့် ကမ္ဘာမှာ ကျော်ကြားတဲ့ ဒိုင်ဗင်ပညာရှင်တယောက် ဖြစ်လာခဲ့ပါတယ်။ ဒီယှဉ်ပြိုင်စွမ်းရည်ပြသမှုမှာတော့ ခရစ္စတင်းဇန်န၀ီဟာ ငါးမန်းကို ဇောက်ထိုး အနေအထားနဲ့ အိပ်ပျော်နေတဲ့ ပုံစံအတိုင်း ဖြစ်နေအောင် ပြသနိုင်ခဲ့တာပါ။ ခုချိန်မှာတော့ သူဟာ ငါးမန်းတွေကို ကာကွယ်စောင့်ရှောက်သူအဖြစ် လူသိများနေပါတယ်။ သူဟာ ငါးမန်းတွေကို အိပ်မွေ့ချနိုင်ပြီး သူတို့ပါးစပ်ထဲကို လက်ထည့်ကာ စူးနေတဲ့ ငါးမျှားချိတ်တွေကို ဖယ်ရှားနိုင်စွမ်းရှိပါတယ်။ သူဟာ ဒီနည်းလမ်းကို အသုံးပြုပြီး ငါးမန်းကောင်ရေ ရာနဲ့ချီပြီး ကယ်ဆယ်ခဲ့ပါတယ်။
6 years Ago
Up