အိပ်နေသည့် ချစ်သူမိန်းကလေးအပေါ် စပါးကြီးမြွေ ၂ ကောင် ပစ်ထည့်နှိုးသည့်ရုပ်သံ ရေပန်းစား

A d v e r t i s e m e n t With Us

November 22, 2016

အိပ်နေသည့် ချစ်သူမိန်းကလေးအပေါ် စပါးကြီးမြွေ ၂ ကောင် ပစ်ထည့်နှိုးသည့်ရုပ်သံ ရေပန်းစား

အိပ်ပျော်နေတဲ့ ချစ်သူမိန်းကလေးရဲ့ အိပ်ယာပေါ်ကို စပါးကြီးမြွေ ၂ ကောင်ပစ်ထည့်ပြီး နှိုးခဲ့တဲ့ အဖြစ်အပျက်ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ ဒီးရက်ခ်ဒက်ဆို (Derek Deso) အမည်နဲ့ မျှဝေခဲ့ချိန်မှာ ၀င်ရောက်ကြည့်ရှုတဲ့အကြိမ်ရေ ၆ သိန်း ၃ သောင်းကျော် ရှိနေခဲ့တာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဒက်ဆိုဟာ ချစ်သူမိန်းကလေးအိပ်နေတဲ့ အိပ်ခန်းအပြင်ဘက်မှာ ကင်မရာသမား ၂ ဦး၊ မြွေဖမ်းသမား ၁ ဦးတို့နဲ့ အတူရှိနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် သူတို့ဟာ အခန်းထဲကို တိတ်တဆိတ်ဝင်သွားခဲ့ကြပြီး အိပ်ယာပေါ်က မိန်းကလေးရဲ့အပေါ်ကို စပါးကြီးမြွေ ၂ ကောင် လွှတ်ပေးပြီး နှိုးခဲ့တာပါ။ ရုတ်တရက်နိုးလာတဲ့ မိန်းကလေးဟာ သူ့ကိုယ်ပေါ်က မြွေကြီး ၂ ကောင်ကို တွေ့လိုက်ရချိန်မှာ စူးစူးဝါးဝါးနဲ့ ကြောက်လန့်တကြား ငိုကြွေးခဲ့တာကို တွေ့ရပါတယ်။ မိန်းကလေးက မြွေတွေကို “ငါ့ကိုယ်ပေါ်က ဖယ်ပေးကြပါ” လို့ အော်ဟစ်နေခဲ့တာကို ဘေးကရပ်ကြည့်နေကြတဲ့ သူ့ရဲ့ ချစ်သူအမျိုးသားနဲ့ တခြားအမျိုးသားတွေက ရယ်မောနေခဲ့ကြတာပါ။ အဲဒီနောက်တော့ ဒက်ဆိုက မြွေကြီးတွေက အန္တရာယ်မရှိဘူးလို့ ပြောဆိုကာ သူ့ရဲ့ကိုယ်ပေါ်ကနေ ဖယ်ရှားပေးခဲ့တာကို တွေ့ရပြီး မိန်းကလေးဟာ စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ကို တွန်းထုတ်လိုက်ကာ ဒါဟာ ရယ်စရာမဟုတ်ဘူးလို့ ပြောလိုက်တာပါ။ ဒီးရက်ခ်ဒက်ဆိုဟာ ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ အပြောင်အပျက် ရုပ်သံဗွီဒီယိုဖိုင်တွေကို တင်လေ့ရှိပြီး သူ့ကို ပုံမှန်အားပေးတဲ့ ပရိသတ် ၆ သိန်း ၈ သောင်း ၅ ထောင်ကျော် ရှိနေခဲ့ပါပြီ။ ဒါပေမယ့် တချို့ကတော့ ဒီအခြေအနေကို မနှစ်သက်ဘဲ ဝေဖန်တာတွေလည်း ရှိနေတာပါ။ ဝေဖန်သူတဦးကတော့ ဒီရုပ်သံဗွီဒီယိုဖိုင်နဲ့ပတ်သက်ပြီး “ဒါ တော်တော်ဆိုးတာပဲ။ ငါသာဆိုရင် ဒီလိုချစ်သူမျိုးကို ဖြတ်လိုက်မှာ” လို့ ရေးခဲ့ပါတယ်။
4 years Ago
Up