အိပ်ခ်ျအိုင်ဗွီ ကူးစက်စေသည့် ကမ္ဘောဒီးယား ဆရာဝန်ကို ထောင် ၂၅ နှစ်ချ

December 3, 2015

အိပ်ခ်ျအိုင်ဗွီ ကူးစက်စေသည့် ကမ္ဘောဒီးယား ဆရာဝန်ကို ထောင် ၂၅ နှစ်ချ

လူ ၂၀၀ ကျော်ကို အိပ်ခ်ျအိုင်ဗွီ ကူးစက်စေတဲ့ လိုင်စင်မဲ့ ကမ္ဘောဒီးယား ဆရာဝန်တဦးကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်ပါတယ်။ ဒီဇင်ဘာ ၃ ရက်က ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပြီး ဒီဖြစ်ရပ်ဟာ ကမ္ဘောဒီးယားက ညံ့ဖျင်းတဲ့ လိုင်စင်မဲ့ ကျန်းမာရေးမှူးတွေကို မှီခိုနေရတဲ့ ကျန်းမာရေးစနစ်ကို မီးမောင်းထိုးပြနေပါတယ်။ အသက် ၅၅ နှစ်ရှိ ယမ်ချရုန်းဟာ ထောင်ဒဏ် တသက်တကျွန်း အပြစ်ပေးခံရဖွယ်ရှိပေမယ့် တရားရုံးက လျှော့ပေါ့ပေးလိုက်တာလို့ ရှေ့နေ အမ်ဆိုဗန်က ပြောပါတယ်။ ပြစ်ဒဏ်အတွက် အယူခံဝင်သွားမယ်လို့လည်း သူက ပြောပါတယ်။ အနောက်ပိုင်း ဘတ်တန်ဘန်ခရိုင် ဝေးလံခေါင်ဖျားတဲ့ ရိုကာရွာမှာ ညစ်ပတ်တဲ့ အပ်တွေကို အသုံးပြုခဲ့တဲ့အတွက် ဒေသခံ ၂၀၀ ကျော်ကို ရောဂါကူးစက်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားက လူဦးရေ ၄ သန်းဟာ လိုင်စင်မဲ့ ဆရာဝန်တွေကို ဆေးဝါးကုသဖို့အတွက် မှီခိုနေရတာ ဖြစ်ပါတယ်။ ကမာ့္ဘဘဏ်ကတော့ ကမ္ဘောဒီးယားမှာ လူ ၁ သိန်းမှာ ဆရာဝန် ၀ ဒသမ ၂ ဦးနှုန်းပဲ ရှိတယ်လို့ ဆိုပါတယ်။ အမှုစစ်ဆေးစဉ်မှာ ဖြစ်ရပ်မှန်တွေကို ချန်ထားခဲ့တယ်ဆိုပြီး ဆရာဝန်ကို တရားလိုတွေက စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။
7 years Ago
Up