အိန္ဒြာကျော်ဇင်

February 19, 2020

နေတိုး၊ အိန္ဒြာကျော်ဇင်တို့ ပါဝင်သည့် ဟာသရုပ်ရှင်-ရွာဇော်ကြီး ရုံတင်မည်(ရုပ်ရှင်နမူနာ)

       ဝါရင့် နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီး ၂ လက်ဖြစ်တဲ့ နေတိုးနဲ့ အိန္ဒြာကျော်ဇင်တို့ ခေါင်းဆောင်ပါဝင်ထားကြတဲ့ ဟာသရုပ်ရှင်-ရွာဇော်ကြီးကို လာမယ့်သီတင်းပတ်ထဲမှာ ရုံတင်ပြသ သွားဖို့ ရှိနေပါတယ်။        ဒီကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ကိုကျော်ရဲ့ ဇာတ်လမ်း ဇာတ်ညွှန်းကို ဒါရိုက်တာ ကျော်ဇောလင်းက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။        ဒီကားထဲမှာတော့ အလတ်ကောင်၊ မှုံကြီးစတဲ့ ဇာတ်ကောင်တွေနဲ့အတူ ရွာဇော်ကြီး ဆိုတဲ့အတိုင်း ကျေးလက်သဘာဝ ဟာသဆန်ဆန် အကျော်အခွ ဇာတ်လမ်းဇာတ် ကွက်တွေ၊ ပုံရိပ်တွေနဲ့ သရုပ်ဆောင်မှုတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။        ဒီကားထဲမှာ နေတိုး၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ နေနော်၊ ယွန်းရွှေရည်တို့နဲ့ တခြား သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာပါ။        လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှာ တရက်အတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းခွဲ ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။        ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့ ကြေငြာထားပါတယ်။
1 year Ago

February 18, 2020

ခါရာ၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့ ပါဝင်သည့် လေဒီဒိန်းဂျားရုပ်ရှင်(နမူနာ)

   ခါရာ၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့ ပါဝင်ထားကြတဲ့ လေဒီဒိန်းဂျား ရုပ်ရှင်ကို လာမယ့် သီတင်းပတ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။    ဒီကားကိုတော့ ရွှေစည်တော် ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး မိုးနီလွင်ရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးပုံဖော်ပေးထား တာ ဖြစ်ပါတယ်။    ဒီကားထဲမှာတော့ လေဒီဒိန်းဂျားဆိုတဲ့အတိုင်း ယုယဇော်၊ ခင်မမ၊ အကြင်နာမိုးစ တဲ့ ဇာတ်ကောင်တွေနဲ့အတူ ဘယ်လိုအလှည့်အပြောင်းတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူး ပုံဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။    ဒီကားထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ ခါရာ၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့နဲ့အတူ တခြားသရုပ် ဆောင်တွေလည်း အများကြီး ပါဝင်ထားကြပါတယ်။    လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်? ဒီကားကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။
1 year Ago
Up