အိန္ဒိယနိုင်ငံဟာ အခုချိန်မှာ နျူလက်နက်ကို ပထမဆုံး အသုံးမပြုဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးက သြဂုတ် ၁၆ ရက်မှာ ပြောလိုက်ပါတယ်။
ဒါပေမဲ့ အနာဂတ်မူဝါဒကတော့ အခြေအနေပေါ် မူတည်လိမ့်မယ်လို့လည်း ကာကွယ်ရေးဝန်ကြီး ရက်ဂျ်နတ်သ်ဆင်းက ဆိုပါတယ်။
ဆန်းစစ်သူတွေက အိန္ဒိယကာကွယ်ရေးဝန်ကြီးရဲ့ မှတ်ချက်စကားဟာ နိုင်ငံလုံခြုံရေးကို အဓိကထားတဲ့ မူအရ လိုသလို အဓိပ္ပာယ်ကောက်ယူနိုင်တယ်လို့ ဝေဖန်ကြပါတယ်။
ကွယ်လွန်သူ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနဲ့ ဘီဂျေပီ ပါတီခေါင်းဆောင်ဟောင်း အတဲဘီဟာရီး ဗာ့ဂျ်ပါယီးကို သွားရောက်ဂါဝပြုရာမှာ ရက်ဂျ်နတ်သ်ဆင်းက အဲဒီလို ပြောခဲ့တာပါ။
ဘီဟာရီး ဗာ့ဂျ်ပါယီးဟာ အိန္ဒိယနိုင်ငံကို နျူလက်နက်ပိုင်တဲ့ အင်အာကြီးနိုင်ငံ ဖြစ်အောင် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။
မကြာသေးခင်က ကတ်ရှ်မီးယားရဲ့ အထူးအဆင့်အတန်း ရုပ်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး နျူလက်နက်တွေ ပိုင်ဆိုင်တဲ့ အိန္ဒိယနဲ့ အိမ်နီးချင်း ပါကစ္စတန်တို့အကြား ဆက်ဆံရေး တင်းမာနေပါတယ်။
Zawgyi Version
နျူလက်နက်ကို ပထမဆုံး အသုံးမပြုရန် စိတ်ပိုင်းဖြတ်ထားဟု အိန္ဒိယ ပြော
DVB
ဒါပေမဲ့ အနာဂတ်မူဝါဒကတော့ အခြေအနေပေါ် မူတည်လိမ့်မယ်လို့လည်း ကာကွယ်ရေးဝန်ကြီး ရက်ဂ်ျနတ်သ်ဆင်းက ဆိုပါတယ်။
ကွယ်လွန်သူ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနဲ့ ဘီဂျေပီ ပါတီခေါင်းဆောင်ဟောင်း အတဲဘီဟာရီး ဗာ့ဂ်ျပါယီးကို သွားရောက်ဂါဝပြုရာမှာ ရက်ဂ်ျနတ်သ်ဆင်းက အဲဒီလို ပြောခဲ့တာပါ။
ဘီဟာရီး ဗာ့ဂ်ျပါယီးဟာ အိန္ဒိယနိုင်ငံကို နျူလက်နက်ပိုင်တဲ့ အင်အာကြီးနိုင်ငံ ဖြစ်အောင် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်တဦးဖြစ်ပါတယ်။
4 years Ago