.အိန္ဒိယ .တောင်အာဖရိက .ကိုဗစ်ကာကွယ်ဆေး

February 2, 2021

အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေး လုံးရေ ၁ သန်း တောင်အာဖရိကရောက်ရှိ

အိန္ဒိယက ပေးပို့တဲ့ တောင်အာဖရိကအတွက် ပထမဆုံး ကိုဗစ်နိုင်တင်းကာကွယ်ဆေးဟာ ဖေဖော်ဝါရီလ ၁ ရက်က ရောက်ရှိလာပါတယ်။ 

ဒါကြောင့် ကိုဗစ် ဒုတိယလှိုင်းမှာ အလုပ်ဝန်ပိနေပြီး  ကာကွယ်ဆေးထိုးဖို့ ရှေ့ဆုံးမှာ ရှိနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေအဖို့ စိတ်သက်သာရာ ဖြစ်ခဲပါတယ်။

အိန္ဒိယနိုင်ငံ Serum Institute  က ထုတ်လုပ်တဲ့ အက်စ်ထရာဇန်နက်ကာကိုဗစ်ကာကွယ်ဆေး လုံးရေ ၁ သန်းကို  တောင်အာဖရိကသမ္မတ ရမ်မာဖိုဆာနဲ့ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ လက်ခံရယူခဲ့ပါတယ်။ 

ကိုဗစ်ကာကွယ်ဆေးတွေ အမြန်မရရှိတဲ့အတွက် သိပ္ပံပညာရှင်နဲ့ ကျန်းမာရေးဝန်ထမ်း တချို့က  ရမ်မာဖိုဆာအစိုးရကို လူသိရှင်ကြား ဝေဖန်ထားပါတယ်။ 

တောင်အာဖရိကဟာ ကိုဗစ်ကူးစက်သူ  ၁ ဒသမ ၄ သန်းကျော်၊ သေဆုံးသူ ၄၄,၀၀၀ ကျော် နဲ့ အာဖရိကတိုက်မှာ စံချိန်တင်ကူးစက်သူနဲ့ သေဆုံးသူ အများဆုံးနိုင်ငံဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

9 months Ago
Up