အိန္ဒိယ‌

A d v e r t i s e m e n t With Us

April 6, 2020

အိန္ဒိယ‌ရောက် မြန်မာရဟန်း‌ ၁၈၀ ကျော်ကို စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ပင့်ဆောင်မည်

အိန္ဒိယနိုင်ငံ တက္ကသိုလ်အသီးသီးမှာ တက်နေကြတဲ့ မြန်မာရဟန်းတော် ၇၀၀ လောက်ထဲက ပြန်လာလိုတဲ့ ရဟန်းတော် ၁၈၈ ပါးကို မြန်မာနိုင်ငံကို ပြန်လည်ပင့်ဆောင်ဖို့ စီစဉ်ပေးသွားမယ်လို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ပြောပါတယ်။ ပြန်လည်ပင့်ဆောင်ဖို့ နှစ်နိုင်ငံ ညှိနှိုင်းပြီး စင်းလုံးငှားလေယာဉ်နဲ့ အိန္ဒိယနိုင်ငံ ဂါယာက‌နေ မန္တလေးလေဆိပ်တိုက်ရိုက် လေယာဉ်ကိုလည်း သီတဂူဆရာတော်ကြီးက စီစဉ်တယ်လို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် နိုင်ငံခြားရေးဌာနရဲ့ အုပ်ချုပ်ရေးမှူး ဒေါက်တာကောဝိဒသီရိက ဒီဗွီဘီကို မိန့်ကြားပါတယ်။ အဲဒီရဟန်းတော်တွေကို စစ်ကိုင်း သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်ကို ပင့်ဆောင်မယ်လို့ ဆိုပါတယ်။ ဒီအတွက်  အဲယားကွန်း၊ အိမ်သာ၊ ရေချိုးခန်းများတွဲတွေပါတဲ့ ၁ ပါးနေ အဆောင်တွေကို ပြင်ဆင်ထား‌ပြီး စောင့်ကြည့်ကာလအတွင်း အရုဏ်ဆွမ်း၊ နေ့ဆွမ်း‌တွေကို ဆက်ကပ်မယ်လို့ ဒေါက်တာကောဝိဒသီရိက မိန့်ပါတယ်။ လက်ရှိမှာ သီတဂူအဓိပတိဆရာတော်ကြီး လမ်းညွှန်မှုနဲ့ တပြည်လုံးက သီတဂူဆေးရုံ ၄၀‌ လောက်မှာလည်း Quarantine လုပ်နိုင်အောင် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
11 months Ago
Up