အိန္ဒိယအာကာသအေဂျင်စီ

September 7, 2019

လစူးစမ်းရေးယာဉ်နှင့် အိန္ဒိယအာကာသအေဂျင်စီ အဆက်အသွယ်ပြတ်တောက်

ချန်ဒရာယန်း-၂ လို့ အမည်ပေးထားတဲ့ လစူးစမ်းရေးယာဉ်နဲ့ အိန္ဒိယအာကာသ အေဂျင်စီတို့ စက်တင်ဘာ ၇ ရက်နေ့ အစောပိုင်းမှာ အဆက်အသွယ် ပြတ်တောက်ခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောခဲ့ပါတယ်။ ဒါဟာ လကမ္ဘာတောင်ဝင်ရိုးစွန်းအနီးမှာ လူလိုက်ပါခြင်းမရှိတဲ့ လစူးစမ်းရေးယာဉ် ဆင်းသက်မယ့် အိန္ဒိယနိုင်ငံ ရည်မှန်းချက်အတွက် အတားအဆီး ဖြစ်ပါတယ်။   အိန္ဒိယ အာကာသသုတေသနအဖွဲ့ ဥက္ကဋ္ဌက အချက်အလက်တွေ စုံစမ်းစစ်ဆေးနေတယ်လို့  ပြောပါတယ်။ သိပ္ပံပညာရှင် အတော်များများက မစ်ရှင် ကျရှုံးဖွယ် ရှိတယ်လို့ ယုံကြည်ကြပြီးနောက်မှာတော့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက  သူတို့ကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။    အဲဒီ လကမ္ဘာသွားယာဉ်ကို ဇူလိုင်လ ၂၂ ရက်နေ့က သျှရီဟာရီကိုတာ  အာကာသစခန်းကနေ လွှတ်တင်ခဲ့တာပါ။ ချန်ဒရာယန်း-၂ ဟာ ကမ္ဘာပတ်လမ်းအတွင်း ၂၃ ရက်နီးပါး လှည့်ပတ်ပြီးနောက်   သြဂုတ်လ ၁၄ ရက်နေ့မှာ လကမ္ဘာခရီးကို စတင်ခဲ့တာပါ။ အဲဒီနောက် သြဂုတ်လ ၂၀  ရက်နေ့က ချန်ဒရာယန်း- ၂ ဟာ လပတ်လမ်းကြောင်းထဲ  ဝင်ရောက်ခဲ့ပါတယ်။ ချန်ဒရာယန်း-၂ ဟာ အိန္ဒိယနိုင်ငံရဲ့ ရည်မှန်းချက်အကြီးမားဆုံး အာကာသ မစ်ရှင် ဖြစ်ပါတယ်။ ဒီမစ်ရှင် ကုန်ကျစရိတ်ဟာ အမေရိကန် ဒေါ်လာ ၁၄၆ သန်းရှိပြီး အောင်မြင်ခဲ့မယ်ဆိုရင် အိန္ဒိယဟာ လကမ္ဘာတောင်ဝင်ရိုးစွန်းမှာရှိတဲ့ ရေအကြောင်း သုတေသန ပြုလုပ်သွားနိုင်မှာ ဖြစ်ပါတယ်။ ~~~~~~~~~~~~~~~~~~~ Zawgyi_version လစူးစမ္းေရးယာဥ္ႏွင့္ အိႏၵိယအာကာသေအဂ်င္စီ အဆက္အသြယ္ျပတ္ေတာက္ ခ်န္ဒရာယန္း-၂ လို႔ အမည္ေပးထားတဲ့ လစူးစမ္းေရးယာဥ္နဲ႔ အိႏၵိယအာကာသ ေအဂ်င္စီတို႔ စက္တင္ဘာ ၇ ရက္ေန႔ အေစာပိုင္းမွာ အဆက္အသြယ္ ျပတ္ေတာက္ခဲ့တယ္လို႔ တာဝန္ရွိသူတဦးက ေျပာခဲ့ပါတယ္။ ဒါဟာ လကမာၻေတာင္ဝင္႐ိုးစြန္းအနီးမွာ လူလိုက္ပါျခင္းမရွိတဲ့ လစူးစမ္းေရးယာဥ္ ဆင္းသက္မယ့္ အိႏၵိယႏိုင္ငံ ရည္မွန္းခ်က္အတြက္ အတားအဆီး ျဖစ္ပါတယ္။ အိႏၵိယ အာကာသသုေတသနအဖြဲ႕ ဥကၠ႒က အခ်က္အလက္ေတြ စုံစမ္းစစ္ေဆးေနတယ္လို႔  ေျပာပါတယ္။ သိပၸံပညာရွင္ အေတာ္မ်ားမ်ားက မစ္ရွင္ က်ရႈံးဖြယ္ ရွိတယ္လို႔ ယုံၾကည္ၾကၿပီးေနာက္မွာေတာ့ အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီက  သူတို႔ကို အားေပးႏွစ္သိမ့္ခဲ့ပါတယ္။ အဲဒီ လကမာၻသြားယာဥ္ကို ဇူလိုင္လ ၂၂ ရက္ေန႔က သွ်ရီဟာရီကိုတာ  အာကာသစခန္းကေန လႊတ္တင္ခဲ့တာပါ။ ခ်န္ဒရာယန္း-၂ ဟာ ကမာၻပတ္လမ္းအတြင္း ၂၃ ရက္နီးပါး လွည့္ပတ္ၿပီးေနာက္   ၾသဂုတ္လ ၁၄ ရက္ေန႔မွာ လကမာၻခရီးကို စတင္ခဲ့တာပါ။ အဲဒီေနာက္ ၾသဂုတ္လ ၂၀  ရက္ေန႔က ခ်န္ဒရာယန္း- ၂ ဟာ လပတ္လမ္းေၾကာင္းထဲ  ဝင္ေရာက္ခဲ့ပါတယ္။ ခ်န္ဒရာယန္း-၂ ဟာ အိႏၵိယႏိုင္ငံရဲ႕ ရည္မွန္းခ်က္အႀကီးမားဆုံး အာကာသ မစ္ရွင္ ျဖစ္ပါတယ္။ ဒီမစ္ရွင္ ကုန္က်စရိတ္ဟာ အေမရိကန္ ေဒၚလာ ၁၄၆ သန္းရွိၿပီး ေအာင္ျမင္ခဲ့မယ္ဆိုရင္ အိႏၵိယဟာ လကမာၻေတာင္ဝင္႐ိုးစြန္းမွာရွိတဲ့ ေရအေၾကာင္း သုေတသန ျပဳလုပ္သြားႏိုင္မွာ ျဖစ္ပါတယ္။
2 years Ago
Up