အိန္ဒိယတောင်ပိုင်း ချင်းနိုင်မြို့က အနုပညာရှင်တယောက်ဟာ စွန့်ပစ်ပစ္စည်းအများစုကို သုံးပြီး သုံးဘီးယာဉ်ကို COVID-19 ဗိုင်းရပ်စ်ပုံစံ အသွင်ပြောင်း ဖန်တီးလိုက်ပါတယ်။
ပလတ်စတစ်ပုလင်းခွံ ၁၆၅ လုံးကို အသုံးပြုကာ ထိုးထိုးထောင်ထောင် ဆူးတွေကို ဖန်တီးခဲ့ တယ်လို့ အနုပညာရှင် ဂိုသမ်က ရှင်းပြခဲ့ပြီး ဒီဖန်တီးချက်နဲ့ သန့်ရှင်းရေး အသိပညာပေး ဖြန့်ဝေဖို့ မျှော်လင့်ပါတယ်။
COVID-19 သုံးဘီးယာဉ်ဟာ ချင်းနိုင်မြို့ လမ်းမတွေထက် မောင်းနှင်ပြီး အများပြည်သူတွေ ကို လမ်းမပေါ်မှာ တံတွေးမထွေး၊ အမှိုက်မချကြဖို့ အသံချဲ့စက်နဲ့ လိုက်လံကြေညာခဲ့ပါတယ်။
အိန္ဒိယနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ် ပျံ့နှံ့တာကို ထိန်းချုပ်ဖို့ တနိုင်လုံးအတိုင်းအတာနဲ့ လော့ဒေါင်းချထားတာကို မေလ ၃ ရက်အထိ သက်တမ်းတိုးထားပါတယ်။
လက်ရှိ အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၀၀၀ ကျော်ရှိပြီး ၇၁၈ ယောက် သေဆုံးခဲ့ တယ်လို့ အစိုးရကိန်းဂဏန်းတွေအရ သိရပါတယ်။
10 months Ago