အိန္ဒိယဝန်ကြီးချုပ်မိုဒီ

January 26, 2021

ပြန်ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အားပိုထုတ်လုပ်မည်ဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီ ပြော

အိန္ဒိယဟာ ၂၀၃၀ မှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ၄၅၀ ဂစ်ဂါဝပ် ထုတ်လုပ်နိုင်ဖို့ ပစ်မှတ်ထားထားတယ်လို့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီက ပြောလိုက်ပါတယ်။

နယ်သာလန်နိုင်ငံက ဦးစီးကျင်းပတဲ့ မိုးလေဝသနဲ့ ဆီလျော်အောင် ပြုပြင်ပြောင်းလဲရေး ထိပ်သီးညီလာခံ မိန့်ခွန်းအတွင်း ဇန်နဝါရီ ၂၅ ရက်မှာ ပြောလိုက်တာပါ။

ဒီညီလာခံဟာ ၂၀၃၀ ထိ ကာလအတွင်း ရာသီဥတု ပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာမှာ လက်တွေ့ကျတဲ့ ဖြေရှင်းပုံနဲ့ အစီအမံတွေကို ချမှတ်ဖို့ ရည်မှန်းထားပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုကနေ လူတွေကို ပိုကောင်းကောင်းကာကွယ်ဖို့ ကမ္ဘာတဝန်းက သိပ္ပံပညာရှင် အယောက် ၃,၀၀၀ ကျော်က နိုင်ငံ့ခေါင်းဆောင်တွေကို ထိပ်သီးညီလာခံမတိုင်မီမှာ တိုက်တွန်း ဖိအားပေးထားပါတယ်။

ကမ္ဘာ့အပူချိန် ပျမ်းမျှတိုးနှုန်းကို ၂ ဒီဂရီ စဲလ်ဆီးယပ်စ်ထက် ပိုမလာအောင် ကန့်သတ်ဖို့နဲ့ စက်မှုခေတ်ပြောင်းကာလမတိုင်မီကထက် ၁ ဒသမ ၅ ဒီဂရီ စဲလ်စီးယပ်စ် အထက်မှာပဲ ရပ်နေစေဖို့ နိုင်ငံပေါင်း ၂၀၀ နီးပါးက လက်မှတ်ရေးထိုးထားတဲ့ ၂၀၁၅ ပါရီ ရာသီဥတု သဘောတူညီချက်က ရည်မှန်းထားပါတယ်။

ရာသီဥတု ပြောင်းလဲမှုဟာ ကမ္ဘာ့သီးနှံထွက်နှုန်းကို ၃၀ ရာခိုင်နှုန်းထိ လျော့ကျစေပြီး ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်လာစေတယ်။ ပိုအားကောင်းလာတဲ့ မုန်တိုင်းတွေကြောင့် ကမ်းရိုးတန်းဒေသ မြို့တွေက လူတွေသန်းချီပြီး အိုးအိမ် စွန့်ခွာရစေတယ်လို့ ထိပ်သီးညီလာခံကို စီစဉ်တဲ့ Global Center on Adaptation က ပြောထားပါတယ်။

9 months Ago
Up