အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြော

A d v e r t i s e m e n t With Us

December 17, 2020

အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး 

ဗြိတိန်- အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်တဲ့ ကြိုးပမ်းမှုအဖြစ် ဒီဇင်ဘာ ၁၆ ရက်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရပ်ဘ်ဟာ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီကို နယူးဒေလီမြို့မှာ  သွားရောက်တွေ့ဆုံခဲ့ပါတယ်။ "ကပ်ရောဂါ နှောင်းပိုင်း ၊ ဘရက်ဆစ် နှောင်းပိုင်း အလားအလာကြီးမားတဲ့ ဗြိတိန်- အိန္ဒိယ မိတ်ဖက်ဖြစ်မှုကို ဆွေးနွေးခဲ့ပါတယ်"လို့ ဝန်ကြီးချုပ် မိုဒီ က တွစ်တာမှာ ရေးသားခဲ့ပါတယ်။  အဲဒီနောက် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ရပ်ဘ်ဟာ အိန္ဒိယပညာရေးဝန်ကြီးနဲ့ သွားရောက်တွေ့ဆုံခဲ့သလို့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။  ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေးကို ပြန်နှိုးဆွရာမှာ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ ညှိနှိုင်းတာတွေတိုးမြှင့်လုပ်ဆောင်ဖို့ နှစ်နိုင်ငံစလုံးက သဘောတူခဲ့တယ်လို့  ဗြိတိန်နဲ့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးတွေက  ထုတ်ပြန်ခဲ့ပါတယ်။
3 months Ago

February 27, 2020

သမ္မတဦးဝင်းမြင့်နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ တွေ့ဆုံ၊ နှစ်နိုင်ငံသဘောတူစာချုပ် ၁၀ ခု ချုပ်ဆို

အိန္ဒိယနိုင်ငံမှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ဒီကနေ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့ နယူးဒေလီမြို့ရှိ ဟိုက်ဒရာဘက်ဒ် အစိုးရအိမ်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးကြပါတယ်။  မြန်မာသမ္မတရဲ့ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (အမ်အိုယူ)  ၅ ခုနဲ့ စီမံကိန်းသဘောတူညီချက် ၅ ခု စုစုပေါင်း ၁၀ ခုကို နှစ်နိုင်ငံသံအမတ်ကြီးတွေအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေက သဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့  အိန္ဒိယနိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ အမ်အိုယူစာချုပ်တွေထဲမှာ  လူကုန်ကူးမှုတားဆီးရေး၊ သစ်၊ ကျားနဲ့ သားရိုင်းတိရစ္ဆာန် မှောင်ခိုမှုနှိမ်နင်းရေး၊ ရေနံထွက်ပစ္စည်းထုတ်လုပ်ရေး၊ ဆက်သွယ်ရေးနဲ့ ဆေးသုတေသန လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တွေ ပါဝင်သလို ရခိုင်ပြည်နယ်အတွင်း လမ်းတံတား၊ မူကြိုကျောင်းနဲ့ ဆေးရုံတွေမှာဆောင်ရွက်မယ့်စီမံကိန်းတွေကိုလည်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။  မြန်မာသမ္မတနဲ့အဖွဲ့ဟာ ဒီကနေ့ညနေပိုင်းမှာ အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။  မြန်မာသမ္မတနဲ့ ဇနီး ဒေါ်ချိချိုတို့ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ မဟတ္တမဂန္ဒီ အထိမ်းအမှတ်နေရာကိုလည်း သွားရောက်ဂါရဝပြုခဲ့သလို  ဗုဒ္ဓဂါယာနဲ့ တပ်ချ်မဟာတို့ကိုလည်း သွားရောက်ဖို့ရှိနေပါတယ်။ ဓာတ်ပုံ- MEA India
1 year Ago
Up