ကိုဗစ်-၁၉ ကာကွယ်ဆေးရတာနဲ့တပြိုင်နက် ပြည်သူအားလုံး ကာကွယ်ဆေးထိုးနိုင်တာ သေချာစေဖို့ အစိုးရက အမြန်အလုပ်လုပ်နေတယ်လို့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီက ပြောလိုက်ပါတယ်။
အိန္ဒိယရဲ့ ရိုးရာပွဲတော်တွေများတဲ့ ရာသီကိုမရောက်ခင် ကူးစက်ကပ်ဘေး ပိုပြန့်တာကို တားဖို့ လူချင်းခွာနေကြတာနဲ့ ပါးစပ် နှာခေါင်းစည်းတွေကို ဝတ်ဆင်တာတွေ ဆက်လုပ်ဖို့ မိုဒီက ပြည်သူတွေကို ပြောတဲ့ မိန့်ခွန်းမှာ တိုက်တွန်းပါတယ်။
အိန္ဒိယဟာ ၃ လနီးပါးအတွင်း အနိမ့်ဆုံးအနေနဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်ခံအသစ် ၄၆,၀၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကူးစက်ခံလူနာ စုစုပေါင်း ၇ ဒသမ ၆သန်းနဲ့ ကမ္ဘာ့ ဒုတိယကူးစက်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်နေဆဲဖြစ်ပြီး ကူးစက်ခံ သေဆုံးသူ စုစုပေါင်း ၁၁၅,၁၉၇ ယောက် ရှိထားပါတယ်။
အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ ဒါဂါပူဂျာနဲ့ ဒီဝါလီပွဲတော်တွေ ကျရောက်တော့မှာမို့ ကူးစက်ခံ အရေအတွက် တိုးလာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
5 months Ago