အိန္ဒိယလေတပ်

August 18, 2020

ရေစီးကြောင်းအတွင်း ဒုက္ခတွေ့နေသူ ၁ ဦးကို အိန္ဒိယလေတပ်က ကယ်ဆယ်

အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ ချာတစ္စဂါပြည်နယ်က ရေကြီးနေတဲ့ ဆည်တခုမှာ အားပြင်းတဲ့ ရေစီးကြောင်းထဲမှာ အသက်ဘေးကြုံနေရတဲ့ အမျိုးသားတယောက်ကို အိန္ဒိယလေတပ်က Mi-17 ရဟတ်ယာဉ် သုံးပြီး သြဂုတ် ၁၇ ရက်က ကယ်တင်လိုက်ရပါတယ်။ အမျိုးသားဟာ တနင်္ဂနွေနေ့ကတည်းက ရေထဲခုန်ချခဲ့ရာမှာ မိုးကြီးပြီး ရေစီးသန်နေလို့ ကမ်းခြေဆီ ရောက်အောင် ပြန်မလာနိုင်ဖြစ်နေခဲ့တာပါ။ လေတပ်က သူ့ကို အကြိမ်ပေါင်းများစွာ ကယ်ဖို့ ကြိုးစားတာ မအောင်မမြင်ဖြစ်ခဲ့ရပြီး  တနင်္လာ မနက်မှာတော့ သူ့ကို ရဟတ်ယာဉ်နဲ့ ကယ်နိုင်ခဲ့တယ်လို့ ဒေသခံ ရဲက ပြောပါတယ်။ အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် စူရတ်မြို့မှာလည်း တနင်္ဂနွေနေ့က ဆိုးဆိုးရွားရွား ရေကြီးခဲ့တာပါ။ ကယ်ဆယ်ရေးသမားတွေက ရေမြုပ်အဆောက်အဦတွေနဲ့ ရေဘေးသင့်လမ်းတွေကြားက ဒေသခံတွေကို စားနပ်ရိက္ခာနဲ့ သောက်ရေဝေပေးခဲ့တဲ့ ဗွီဒီယိုကို ဒေသခံ ရုပ်သံက ထုတ်လွှင့်ပြသပါတယ်။ အိန္ဒိယ စိုက်ပျိုးမြေ ထက်ဝက်ကျော်ဟာ ဆည်မြောင်းသွင်းရေ မရတဲ့အတွက် နှစ်စဉ် မုတ်သုံရာသီဟာ စိုက်ပျိုးရေးအတွက် အသက်သွေးကြောပါ။ ဒါပေမဲ့ မိုးကြီးတဲ့အခါမှာ ရေကြီးတာ၊ မြေပြိုတာနဲ့ ရေကြောင့်ဖြစ်တဲ့ ရောဂါတွေလိုမျိုး ပြဿနာအမြောက်အမြားကို ရင်ဆိုင်ရလေ့ ရှိပါတယ်။
9 months Ago

July 5, 2020

တရုတ်နယ်စပ်အနီး အိန္ဒိယလေတပ် စစ်ရေးလေ့ကျင့်

အိန္ဒိယလေတပ်ဟာ တရုတ်နယ်စပ်နားက လေတပ်အခြေစိုက်စခန်းမှာ ဇူလိုင်လ ၄ ရက်က စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။  ၂ နိုင်ငံလုံးက စစ်တပ်တွေဟာ ရှေ့မတိုး နောက်မဆုတ်သာ အနေအထားမှာ ပိတ်မိ နေတာပါ။  အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီက လာဒက်ခ်ဒေသကို လာရောက် လည်ပတ်အပြီး နောက်နေ့မှာ စစ်ရေးလေ့ကျင့်တာလည်း ဖြစ်ပါတယ်။  အရင်လက ဒီဒေသမှာ တရုတ်တပ်တွေနဲ့ အိန္ဒိယတပ်တို့ ရိုက်ပွဲဖြစ်အပြီး အိန္ဒိယ စစ်သည် အယောက် ၂၀ သေဆုံးခဲ့ပါတယ်။  တရုတ်နဲ့အိန္ဒိယ ၂နိုင်ငံ အစိုးရတွေဟာ ဇွန်လ ၁၅ ရက်မှာ ၂ နိုင်ငံနယ်စပ် ဂယ်ဝမ် တောင်ကြားမှာ ပဋိပက္ခဖြစ်ခဲ့ပြီး အပြန်အလှန် အပြစ်တင်ခဲ့ကြပါတယ်။  ဒါပေမယ့် ၂ နိုင်ငံအစိုးရတွေဟာ တင်းမာမှု ဖြေလျှော့ရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၃ရက်မှာ ပြောပါတယ်။
10 months Ago
Up