အိန္ဒိယရွှေ့ပြောင်းလုပ်သား

May 8, 2020

သံလမ်းပေါ် အိပ်နေသည့် အိန္ဒိယရွှေ့ပြောင်းလုပ်သားများကို ရထားကြိတ်မိ၊ ၁၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ မဟာရာသျှတ္တရ ပြည်နယ်အနောက်ပိုင်းမှာ မေ  ၇ ရက်က သံလမ်းတခုပေါ် အိပ်နေကြတဲ့ ဇာတိရပ်ရွာပြန် ရွှေ့ပြောင်းလုပ်သားတွေကို ရထားကြိတ်မိလို့ ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။   သံလမ်းပေါ် အိပ်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို မြင်တဲ့အခါ ရထားမောင်းသူက ရထားကို ရပ်ပစ်ဖို့ကြိုးစားခဲ့တယ်လို့လည်း ရထားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။   ရွှေ့ပြောင်းလုပ်သားတွေ ရထားကြိတ်ခံရတဲ့ စိတ်မကောင်းဖွယ်သတင်းကို သိရှိပြိး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်လို့ ရထားဝန်ကြီး ပီရွတ်ရှ် ဂိုရယ်က သူရဲ့ တွစ်တာစာမျက်နှာမှာရေးခဲ့ပါတယ်။   ရွှေ့ပြောင်းလုပ်သား ထောင်ပေါင်းများစွာဟာ ပြီးခဲ့တဲ့မတ်လကုန်ပိုင်းမှာ တနိုင်ငံလုံး လော့ဒေါင်းချလိုက်ပြီးနောက်၊ အလုပ်မရှိလို့ ကိုယ့်ဇာတိရပ်ရွာတွေကို ပြန်နေကြတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။  အိန္ဒိယမှာ  လော့ဒေါင်းချပြီးနောက်ပိုင်း မြို့ကြီးတွေဆီကနေ ကိုယ့်ဇာတိကို ပြန်ကြတဲ့ ရွှေ့ ပြောင်းလုပ်သားတွေဟာ ကား၊ ရထားတွေ မရှိတော့လို့ ဒီတိုင်း  ကုန်းကြောင်း အိမ်ပြန်ခဲ့ကြသူတွေလည်း ရှိနေပါတယ်။ အိန္ဒိယအစိုးရဟာ လာမယ့် မေ ၁၇ ရက်နေ့ အထိ လော့ဒေါင်းချထားမယ်လို့ ထုတ်ပြန်ထားကြောင်း ရိုက်တာသတင်းက ရေးသားထားပါတယ်။ 
12 months Ago
Up