အိန္ဒိယပြန်

A d v e r t i s e m e n t With Us

August 13, 2020

အိန္ဒိယပြန် ကိုဗစ်-၁၉ လူနာသစ် ၁ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ ၃၆၁ ဦးရှိလာ  

အိန္ဒိယနိုင်ငံက ပြန်လာသူ ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံ တဝန်းမှာ အတည်ပြုလူနာ စုစုပေါင်း ၃၆၁ ဦး ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ မနေ့ည ထုတ်ပြန်ချက်အရသိရပါတယ်။  အဆိုပါလူနာသစ်ဟာ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်နေ အသက် ၃၅ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး အိန္ဒိယနိုင်ငံပြန်လာပြီးနောက်  ဒဂုံမြို့နယ်မှာ အသွားအလာကန့်သတ် စောင့်ကြပ်ခံထားရသူ ဖြစ်ပါတယ်။  ဩဂုတ် ၁၂  ရက်နေ့အတွက်  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမ + ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ ၁,၂၆၀ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂၀၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ ၁၃၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ ၂၅၄ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ ၁၇၁ ခု၊ စုစုပေါင်း ၂,၀၂၁ ခု အားစစ်ဆေးခဲ့ရာမှာ လူနာသစ် ၁ ဦး ထပ်တွေ့ရတာပါ။ ဩဂုတ် ၁၃ ရက်မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါဓာတ်ခွဲ အတည်ပြုလူနာပေါင်း  ၃၆၁ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၅ ဦး (Case-261, 341, 344, 351 နှင့် 352) ထပ်ရှိလာလို့ ရောဂါပိုးကင်းစင်လာသူပေါင်း ၃၁၈ ဦးရှိပါတယ်။ ရောဂါပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ပြုခဲ့သူ  ၃၁၀ ဦးရှိပြီး စောင့်ကြည့်လူနာအသစ် ၁၆ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
7 months Ago

June 9, 2020

အိန္ဒိယပြန် တပ်မတော်အရာရှိ ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါ ထပ်မံတွေ့ရှိ 

အိန္ဒိယနိုင်ငံမှာ သင်တန်းတက်ရောက်ပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ တပ်မတော်သားတွေကို တတိယအကြိမ် ကိုဗစ်-၁၉  စစ်ဆေးရာမှာ အရာရှိ ၁ ယောက်မှာ ပိုးတွေ့ရတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ Qurantine ထားတဲ့ တပ်မတော်သားတွေကို ဇွန် ၈ ရက်က မင်္ဂလာဒုံ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)မှာ PCR(Polymerase Chain Reaction) နည်းနဲ့ တတိယအကြိမ် စစ်ဆေးရာမှာ တွေ့ခဲ့တာလို့ ဆိုပါတယ်။ အဲဒီအရာရှိကို တပ်မတော်က ကိုဗစ်-၁၉ ရောဂါ အထူးကုသဖို့ ကြိုတင်စီစဉ်ထားတဲ့ တပ်မတော်အသည်းရောဂါအထူးကု ဆေးရုံကြီး (မင်္ဂလာဒုံ)ကို ပို့ဆောင်ပြီး ကုသပေးနေပြီး သူ့ရဲ့ ကျန်းမာရေးက တည်ငြိမ်ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။ သူနဲ့ ဆက်စပ်ထိတွေ့ခဲ့သူတွေကိုလည်း လိုအပ်တဲ့ရောဂါရှာဖွေ ဖော်ထုတ်တာ၊ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုတာတွေ ဆက်လုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ မေ ၂၄ ရက်မှာ အိန္ဒိယနိုင်ငံကနေ သင်တန်းတက်ပြီး ပြန်လာသူ တပ်မတော်သားတွေကို စစ်ဆေးရာမှာ ၄ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ ဇွန် ၁ ရက်က  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။
9 months Ago
Up