အိန္ဒိယနိုင်ငံသားဖြစ်ခွင့်

December 18, 2019

အိန္ဒိယနိုင်ငံသားဖြစ်ခွင့် ဥပဒေသစ်ကြောင့် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ပဋိပက္ခဖြစ်

မွတ်စလင် မဟုတ်သူတွေကို နိုင်ငံသားဖြစ်ခွင့်ပြုမယ့် အငြင်းပွားဖွယ် ဥပဒေသစ်ကြောင့် အိန္ဒိယ ချင်းနိုင်မြို့မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့က ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ပဋိပက္ခဖြစ်ခဲ့ပါတယ်။ အာဖဂန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်က မွတ်စလင် မဟုတ်တဲ့ တခြားဘာသာဝင် လူနည်းစုတွေကို အိန္ဒိယမှာ နိုင်ငံသားဖြစ်ခွင့် လမ်းခင်းပေးတဲ့ နိုင်ငံသားအက်ဥပဒေ ပြင်ဆင်ချက်ကို နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်က  ကြီးထွားလာနေပါတယ်။  ဒါပေမဲ့လည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီအစိုးရကတော့ သူတို့အစီအစဉ်ကို ပြောင်းလဲမယ့်ပုံ မပေါ်ပါဘူး။ အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှားကလည်း မိုဒီအစိုးရဟာ အဲဒီဒုက္ခသည်တွေ အားလုံး နိုင်ငံသားဖြစ်ခွင့်ရအောင်၊ အိန္ဒိယနိုင်ငံသားတွေ ဖြစ်လာပြီး ကမ္ဘာမှာ လူရိုသေ ရှင်ရိုသေ နေထိုင်ခွင့်ရသွားအောင် ခိုင်မြဲစွာ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့က ဒေလီမြို့ ဆီလမ်ပူးရ်အရပ်မှာ ဥပဒေသစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ထောင်ချီတဲ့လူတွေကို ရဲတပ်ဖွဲ့က သေနတ် လေထဲ ပစ်ဖောက် သတိပေးခဲ့ရသလို မျက်ရည်ယိုဗုံး အလုံး ၆၀ ကျော်နဲ့လူစုခွဲ ဖြိုခွင်းခဲ့ပါတယ်။
2 years Ago
Up