အိန္ဒိယနိုင်ငံသား

A d v e r t i s e m e n t With Us

July 15, 2020

တရားမဝင် ဝင်ရောက်လာသည့် တရုတ်နှင့် အိန္ဒိယ နိုင်ငံသား ၁၀ ဦး ဖမ်းဆီးရမိ

နယ်စပ်ဒေသတွေမှာ မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၈ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၂ ဦး စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးရမိတယ်လို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၁၄ ရက်မနက် ၈ နာရီလောက်မှာ ကြာတိမော်ကျေးရွာရဲ့ အနောက်ဘက် မီတာ ၁၅၀၀ ခန့် အကွာ လောက်ကိုင်မြို့မှာ အလုပ်လုပ်ဖို့ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၈ ဦးကို တွေ့ရှိ ဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားတွေကို တပ်မတော် ဆေးအဖွဲ့က  ကျန်းမာရေးစစ်ဆေးခဲ့ရာမှာ ဖျားနာ၊ မောပန်း၊ နှာစေး/ ချောင်းဆိုး ကိုယ်အပူချိန်မြင့်မားတာ မတွေ့ရတဲ့အကြောင်းနဲ့ တရားဥပဒေအရအရေးယူ ဆောင်ရွက်နိုင်ဖို့ တာရွှေထန်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ဆိုပါတယ်။ စစ်ကိုင်းတိုင်း၊ တမူးမြို့ ၄ မိုင်စစ်ဆေးရေးဂိတ်မှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင် တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ယာဉ်ဝင်၊ ထွက်မှုကို စစ်ဆေးစဉ် ဇူလိုင် ၁၄ ရက် မွန်းလွဲ ၃ နာရီလောက်က ခမ်းပတ်မြို့မှ တမူးမြို့သို့ မောင်းနှင်လာတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်နှစ်စီးကို ရပ်တန့်စစ်ဆေးရာ တရားမဝင် ဝင်ရောက်တဲ့ အိန္ဒိယနိုင်ငံသား ၂ ဦးကို တွီဗန်ကျေးရွာနေ မတင်ဇနိန့်နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ အဆိုပါ ဖမ်းဆီးရမိသူတွေကို တရားဥပဒေအရဆောင်ရွက်နိုင်ရေး တမူးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ အပ်နှံခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ဓာတ်ပုံ- DISINFO
8 months Ago

March 23, 2020

အိန္ဒိယနိုင်ငံသား ၇ ဦးအပါအဝင် ၁၅ ဦးကို အေအေပြန်လွှတ်၊ ငွေကျပ် သိန်း ၅၀ ယူဆောင်သွား 

ချင်းပြည်နယ်၊ ပလက်ဝဆိပ်ခံတံတားလုပ်ငန်းခွင်က အိန္ဒိယနိုင်ငံသားတွေအပါအဝင် ၁၅ ဦးကို ရက္ခိုင့်တပ်တော်(အေအေ)က ပြန်လွှတ်ပေးခဲ့ပေမယ့် ငွေကျပ် သိန်း ၅၀ ယူဆောင်သွားတယ်လို့ ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောပါတယ်။ ပလက်ဝါမြို့အနီးရှိ ဆိပ်ခံတံတားတည်ဆောက်နေတဲ့နေရာကို မတ်လ ၂၂ ရက် ည ၁၀ နာရီကျော်မှာ အေအေ တပ်ဖွဲ့ဝင်တွေရောက်လာပြီး ဝန်ထမ်းတွေကို ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ဒီမနက် ၉နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီဖမ်းဆီးသွားတဲ့ဝန်ထမ်းတွေထဲမှာ အိန္ဒိယနိုင်ငံသား ၇ ယောက်နဲ့ စကားပြန်တွေ၊ ဝန်ထမ်းတွေ ပါတယ်လို့ သိရပါတယ်။ ဒီမနက်မှာ ဖမ်းဆီးခံရသူတွေပြန်လွတ်မြောက်လာပေမယ့် ဝန်ထမ်းတွေဆီက ငွေကျပ်သိန်း ၅၀ နဲ့ ပစ္စည်းတချို့ကိုတော့ အေအေ အဖွဲ့က ယူဆောင်သွားတယ်လို့ ချင်းပြည်နယ်စည်ပင်ဝန်ကြီးက ပြောပါတယ်။ ပလက်ဝဆိပ်ခံတံတားလုပ်ငန်းခွင်ဟာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ပြည်သူလူထုတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  မြန်မာ-အိန္ဒိယနှစ်နိုင်ငံ သဘောတူညီချက်နဲ့ အကောင် အထည်ဖော်နေတဲ့ ကုလားတန်ဘက်စုံစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။ သတင်း-ထက်ဝေအောင်
11 months Ago
Up