အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယန်ဂျိုင်ရှန်ကာဟာ သီရိလင်္ကာသမ္မတနဲ့ရော နိုင်ငံခြားရေးဝန်ကြီးနဲ့ပါ ဇန်နဝါရီ ၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့ ၃ ရက်ကြာ တရားဝင် ခရီးစဉ်နဲ့ လာရောက် တွေ့ဆုံတာလည်း ဖြစ်ပါတယ်။
အခြေခံအဆောက်အဦ၊ စွမ်းအင်နဲ့ ဆက်သွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်နိုင်ခြေတွေကို အရာရှိတွေက ဆွေးနွေးခဲ့တယ်လို့ ဂျိုင်ရှန်ကာက ပြောပါတယ်။
နှစ်နိုင်ငံအရာရှိတွေဟာ လက်ရှိ ဖြစ်ပွားဆဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး အကြောင်းကိုလည်း ဆွေးနွေးခဲ့တယ်လို့ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး ဒီနစ်ရှ် ဂူနာဝါဒေနာက ပြောပါတယ်။
2 months Ago