အိန္ဒိယနိုင်ငံ အနောက်ပိုင်းနဲ့ မြောက်ပိုင်းမှာ ဒီဇင်ဘာ ၃၀ ရက်က ၂၀၁၃ နောက်ပိုင်း အနိမ့်ဆုံးအပူချိန် ၂ ဒသမ ၄ ဒီဂရီ စင်တီဂရိတ် ကျဆင်းခဲ့ပြီး မြူနှင်း ထူထပ်စွာကျခဲ့တာကြောင့် လူ ၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။
အိန္ဒိယရဲ့ အကြီးဆုံး ဥတာပရာဒေ့ရှ်ပြည်နယ်မှာ ကားတစီးလမ်းချော်ပြီး တူးမြောင်းထဲ ကျခဲ့တာကြောင့် ၆ ယောက်သေဆုံးခဲ့တာပါ။ ရဲတပ်ဖွဲ့က မြူနှင်းတွေကြောင့် အဲဒီလိုဖြစ်ရတယ်ဆိုပြီး ပြောပါတယ်။
မြို့တော် နယူးဒေလီအပါအဝင် နိုင်ငံရဲ့ ဒေသအတော်များများမှာလည်း မြူနှင်းတွေကြောင့် သွားလာရေး အခက်တွေ့နေပါတယ်။ နိုင်ငံတဝန်း မြူနှင်းတွေ သိပ်သည်းနေတာကြောင့် မြင်ကွင်းတွေကို သဲသဲကွဲကွဲ မမြင်ရပါဘူး။
ဒေလီမြို့မှာ လေကြောင်းခရီးစဉ် ၁၆ ခုကို လမ်းကြောင်းပြောင်းခဲ့ရပြီး ၄ ခုကို ဖျက်ခဲ့ရကာ ခရီးစဉ်ပေါင်း ၅၀၀ လောက် ကြန့်ကြာခဲ့တယ်လို့ ဒေသမီဒီယာက အစီရင်ခံပါတယ်။
ဒေလီမြို့ရဲ့ ဒီဇင်ဘာ ၂၉ ရက် အနိမ့်ဆုံး အပူချိန်ဟာ ၂ ဒသမ ၈ ဒီဂရီ စင်တီဂရိတ် ဖြစ်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။
1 year Ago