အိန္ဒိယဆေးကုမ္ပဏီ

December 29, 2020

အက်စ်ထရာဇန်နက်ကာ ကာကွယ်ဆေး အရေးပေါ်သုံးခွင့်ပြုရန် အိန္ဒိယဆေးကုမ္ပဏီ မျှော်လင့် 

ဗြိတိန်နဲ့ အိန္ဒိယအစိုးရတွေက အက်စ်ထရာဇန်နက်ကာ ကိုဗစ်-၁၉  ကာကွယ်ဆေး အရေးပေါ်သုံးခွင့်ကို ရက်ပိုင်းအတွင်း ခွင့်ပြုမယ်မျှော်လင့်တယ်လို့  အိန္ဒိယ ကုမ္ပဏီ Serum Institute of India က ပြောပါတယ်။ "သိပ်မကြာခင်မှာ ဗြိတိန်ဆီကနေ သတင်းကောင်းကြားရမှာပါ"လို့ Serum ကုမ္ပဏီ စီအီးအိုက သတင်းထောက်တွေကို ပြောပါတယ်။ ကာကွယ်ဆေး ခွင့်ပြုမိန့်ကို ဇန်နဝါရီအစောပိုင်းမှာ သဘောတူနိုင်တယ်လို့လည်း သူက ထပ်လောင်း ပြောဆိုခဲ့သလို ဗြိတိန်က ခွင့်ပြုပြီးတာနဲ့ မကြာခင် အိန္ဒိယ စည်းမျဉ်းထိန်းသိမ်းရေး  အဖွဲ့အစည်းကလည်း  ခွင့်ပြုသွားမယ်လို့ သူက ပြောပါတယ်။ Serum ကုမ္ပဏီဟာ  ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း ၄၀ ကနေ သန်း ၅၀ အထိ ထုတ်လုပ်ထားပြီး စက်ရုံသစ်လည်ပတ်တာနဲ့  မတ်လထက် နောက်မကျဘဲ တစ်လကို ကာကွယ်ဆေးလုံးရေ သန်း ၁၀၀ ဝန်းကျင် အထိ တိုးမြှင့် ထုတ်လုပ်နိုင်လိမ့်မယ်လို့လည်း Serum ကုမ္ပဏီ စီအီးအိုက ဆိုပါတယ်။ အိန္ဒိယဟာ ဇန်နဝါရီကစလို့  ၆ လကနေ ၈ လအတွင်း ကိုဗစ်ကာကွယ်ဆေး အလုံးရေ  သန်း ၆၀၀ ထိုးနှံပေးလိုတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
2 years Ago
Up