အိန္ဒိယက ပြန်လာသူ ၃ ဦး

May 26, 2020

အိန္ဒိယက ပြန်လာသူ ၃ ဦးတွင်  COVID-19 ရောဂါတွေ့ရှိ 

အိန္ဒိယနိုင်ငံက ပြန်လာသူ ၃ ဦးမှာ COVID-19 ရောဂါစစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံမှာ အတည်ပြုလူနာစုစုပေါင်း ၂၀၆ ဦးအထိရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ည ၈ နာရီမှာ  သတင်းထုတ်ပြန်ပါတယ်။ အဆိုပါလူနာသစ် ၃ ဦးကတော့ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်က အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးဖြစ်ပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ အသွားအလာ ကန့်သတ် စောင့်ကြည့်ခံထားရသူတွေ ဖြစ်ကြပါတယ်။ ဒီကနေ့ ညနေပိုင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၅၅၉ ခုနဲ့ ဆေးသုတေသနဦးစီးဌာနမှ (ပထမအသုတ်) စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၁၁ ခု၊ စုစုပေါင်း  ၆၇၀  ခုမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃ ဦးတွေ့ရှိရတာပါ။ မေလ ၂၆ ရက် ည ၈ နာရီအထိ  မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း  ၂၀၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၂၄ ဦးနဲ့ ဒီအထဲက ဆေးရုံက ဆင်းခွင့်ပြုသူ ၁၁၄ ဦး ရှိသွားပြီဖြစ်ပါတယ်။ PHOTO-MOHS
11 months Ago
Up