အိန္ဒိယကလေးငယ်တဦး၏

August 2, 2019

အိန္ဒိယကလေးငယ်တဦး၏  ခံတွင်းမှ သွား ၅၂၆ ချောင်းတွေ့ရှိ

၇ နှစ်အရွယ် အိန္ဒိယကလေးငယ်တဦးရဲ့  ခံတွင်းကနေ သွားပေါင်း ၅၂၆ ချောင်းကို   နုတ်ပစ်ခဲ့ရတယ်လို့ သွားဆရာဝန်တွေက ဇူလိုင် ၃၁ ရက်နေ့မှာ ပြောပါတယ်။ ကလေးငယ်ဟာ ၃ နှစ်သားကတည်းက ညာဘက်အောက်မေးရိုး ယောင်ကိုင်းနေတာလို့ ပြောခဲ့တာပါ။ ဆရာဝန်တွေ စစ်ဆေးကြည့်ရာမှာတော့ ကလေးငယ် အောက်မေးရိုးထဲမှာ သွားအမြောက်အမြား ထွက်နေတာကို တွေ့ခဲ့ပါတယ်။ ဆရာဝန်တွေက ဒီဖြစ်စဉ်ဟာ ဆေးပညာနယ်ပယ်မှာ အင်မတန် ထူးခြားပြီး  ပုံမှန် မဟုတ်ဘဲ သွားအစုလိုက်ပေါက်တဲ့ ရောဂါတမျိုးလို့ အတည်ပြုခဲ့ပါတယ်။ သွားဘက်ဆိုင်ရာ ခွဲစိတ်ဆရာဝန်က “ကျူမာကို  အရိုးကနေ ခွဲထုတ်ပြီး တစ်သျှူးရောဂါဗေဒဆီ ပေးပို့စစ်ဆေးရာမှာတော့ အိတ်ငယ်ထဲမှာ  သွား ၅၂၆ ချောင်း ရှိနေတာကို သိခဲ့ရတယ်” လို့ ပြောပါတယ်။ ဒီလို ဖြစ်စဉ်မျိုး ၂၀၁၄ ခုနှစ်တုန်းကလည်း ရှိခဲ့ပြီး မွမ်ဘိုင်းဆယ်ကျော်သက်တဦးရဲ့ ခံတွင်းကနေ သွားပေါင်း ၂၃၂ ချောင်းကို နုတ်ယူခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
Zawgyi Version အိႏၵိယကေလးငယ္တဦး၏ ခံတြင္းမွ သြား ၅၂၆ ေခ်ာင္းေတြ႕ရွိ DVB ၇ ႏွစ္အ႐ြယ္ အိႏၵိယကေလးငယ္တဦးရဲ႕ ခံတြင္းကေန သြားေပါင္း ၅၂၆ ေခ်ာင္းကို ႏုတ္ပစ္ခဲ့ရတယ္လို႔ သြားဆရာဝန္ေတြက ဇူလိုင္ ၃၁ ရက္ေန႔မွာ ေျပာပါတယ္။ ကေလးငယ္ဟာ ၃ ႏွစ္သားကတည္းက ညာဘက္ေအာက္ေမး႐ိုး ေယာင္ကိုင္းေနတာလို႔ ေျပာခဲ့တာပါ။ ဆရာဝန္ေတြ စစ္ေဆးၾကည့္ရာမွာေတာ့ ကေလးငယ္ ေအာက္ေမး႐ိုးထဲမွာ သြားအေျမာက္အျမား ထြက္ေနတာကို ေတြ႕ခဲ့ပါတယ္။ ဆရာဝန္ေတြက ဒီျဖစ္စဥ္ဟာ ေဆးပညာနယ္ပယ္မွာ အင္မတန္ ထူးျခားၿပီး ပုံမွန္ မဟုတ္ဘဲ သြားအစုလိုက္ေပါက္တဲ့ ေရာဂါတမ်ိဳးလို႔ အတည္ျပဳခဲ့ပါတယ္။ သြားဘက္ဆိုင္ရာ ခြဲစိတ္ဆရာဝန္က “က်ဴမာကို အ႐ိုးကေန ခြဲထုတ္ၿပီး တစ္သွ်ဴးေရာဂါေဗဒဆီ ေပးပို႔စစ္ေဆးရာမွာေတာ့ အိတ္ငယ္ထဲမွာ သြား ၅၂၆ ေခ်ာင္း ရွိေနတာကို သိခဲ့ရတယ္” လို႔ ေျပာပါတယ္။ ဒီလို ျဖစ္စဥ္မ်ိဳး ၂၀၁၄ ခုႏွစ္တုန္းကလည္း ရွိခဲ့ၿပီး မြမ္ဘိုင္းဆယ္ေက်ာ္သက္တဦးရဲ႕ ခံတြင္းကေန သြားေပါင္း ၂၃၂ ေခ်ာင္းကို ႏုတ္ယူခဲ့တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။  
2 years Ago
Up