အိန္ဒယအောက်လွှတ်တော်

August 7, 2019

ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်မှ ရုပ်သိမ်းသည့်ဥပဒေကြမ်း အိန္ဒိယအောက်လွှတ်တော် အတည်ပြု

အိန္ဒိယအစိုးရ အုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသကို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်ကနေ ရုပ်သိမ်းမယ့် အငြင်းပွားဖွယ် ဥပဒေကြမ်းကို အိန္ဒိယအောက်လွှတ်တော်က သြဂုတ် ၆ ရက်နေ့မှာ ထောက်ခံမဲ ၃၇၀ နဲ့ အတည်ပြုလိုက်ပါတယ်။ အဲဒီဥပဒေကြမ်းအရ မွတ်စလင်လူမျိုးအများစု နေထိုင်တဲ့ ကက်ရှ်မီးယားဒေသကို ဖက်ဒရယ်နယ်မြေနှစ်ခု ခွဲပြီး အိန္ဒိယအစိုးရက မြို့တော် ဒေလီကနေ တိုက်ရိုက်အုပ်ချုပ်သွားမှာပါ။ ဂျမူးနဲ့ ကက်ရှ်မီးယား ပြန်လည်ဖွဲ့စည်းရေး ဥပဒေမူကြမ်းကို အိန္ဒိယသမ္မတနဲ့ အထက်လွှတ်တော်က သြဂုတ် ၅ ရက်နေ့ကတည်းက အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ အတိုက်အခံ လွှတ်တော်အမတ် အက်စ်ဒူဒင် အိုဗယ်စီက အဲဒီဥပဒေကြမ်းဟာ သမိုင်းဝင်အမှားကြီး ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ ဂျမူးနဲ့ ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်ဥပေဒ ပြဋ္ဌာန်းခွင့် အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပိုဒ်ခွဲ ၃၇၀ ကို အိန္ဒိယအစိုးရက ဖယ်ရှားလိုက်တာပါ။ ဒါ့အပြင် ဂျမူးနဲ့ ကက်ရှ်မီးယားဒေသ ပြင်ပကလူတွေ မြေဝယ်ယူခွင့် တားမြစ်ချက်ကိုလည်း ဖယ်ရှားလိုက်တာကြောင့် အိန္ဒိယနိုင်ငံသားတွေအဖို့ တခြားဒေသတွေမှာလို အဲဒီဒေသမှာ ရင်းနှီးမြှုပ်နှံ အခြေချဖို့ လမ်းပွင့်သွားခဲ့ပါတယ်။ အဲဒီစီမံချက်ဟာ ကက်ရှ်မီးယားဒေသမှာ လူထုအုံကြွမှုတွေ ဖြစ်လာနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ အိန္ဒိယအစိုးရရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ပြီး အိန္ဒိယအစိုးရအနေနဲ့ လူမျိုးစု ရှင်းလင်းရေးလုပ်မှာကို စိုးရိမ်မိတယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် အီမာခန်းက ပြောပါတယ်။ ဒါ့အပြင် အိန္ဒိယအပေါ် စစ်ရေးနဲ့ သံတမန်ရေးအရ ဖိအားပေးသွားမယ်လို့လည်း ပါကစ္စတန်အစိုးရက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။
Zawgyi Version ကက္ရွ္မီးယားေဒသကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအျဖစ္မွ ႐ုပ္သိမ္းသည့္ဥပေဒၾကမ္း အိႏၵိယေအာက္လႊတ္ေတာ္ အတည္ျပဳ DVB အိႏၵိယအစိုးရ အုပ္ခ်ဳပ္တဲ့ ကက္ရွ္မီးယားေဒသကို အထူးကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသအျဖစ္ကေန ႐ုပ္သိမ္းမယ့္ အျငင္းပြားဖြယ္ ဥပေဒၾကမ္းကို အိႏၵိယေအာက္လႊတ္ေတာ္က ၾသဂုတ္ ၆ ရက္ေန႔မွာ ေထာက္ခံမဲ ၃၇၀ နဲ႔ အတည္ျပဳလိုက္ပါတယ္။ အဲဒီဥပေဒၾကမ္းအရ မြတ္စလင္လူမ်ိဳးအမ်ားစု ေနထိုင္တဲ့ ကက္ရွ္မီးယားေဒသကို ဖက္ဒရယ္နယ္ေျမႏွစ္ခု ခြဲၿပီး အိႏၵိယအစိုးရက ၿမိဳ႕ေတာ္ ေဒလီကေန တိုက္႐ိုက္အုပ္ခ်ဳပ္သြားမွာပါ။ ဂ်မူးနဲ႔ ကက္ရွ္မီးယား ျပန္လည္ဖြဲ႔စည္းေရး ဥပေဒမူၾကမ္းကို အိႏၵိယသမၼတနဲ႔ အထက္လႊတ္ေတာ္က ၾသဂုတ္ ၅ ရက္ေန႔ကတည္းက အတည္ျပဳခဲ့ၿပီး ျဖစ္ပါတယ္။ အတိုက္အခံ လႊတ္ေတာ္အမတ္ အက္စ္ဒူဒင္ အိုဗယ္စီက အဲဒီဥပေဒၾကမ္းဟာ သမိုင္းဝင္အမွားႀကီး ျဖစ္တယ္လို႔ ေဝဖန္ခဲ့ပါတယ္။ ဂ်မူးနဲ႔ ကက္ရွ္မီးယားေဒသကို ကိုယ္ပိုင္ဥေပဒ ျပ႒ာန္းခြင့္ အပါအဝင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ေပးထားတဲ့ ဖြဲ႔စည္းပုံအေျခခံဥပေဒရဲ႕ ပိုဒ္ခြဲ ၃၇၀ ကို အိႏၵိယအစိုးရက ဖယ္ရွားလိုက္တာပါ။ ဒါ့အျပင္ ဂ်မူးနဲ႔ ကက္ရွ္မီးယားေဒသ ျပင္ပကလူေတြ ေျမဝယ္ယူခြင့္ တားျမစ္ခ်က္ကိုလည္း ဖယ္ရွားလိုက္တာေၾကာင့္ အိႏၵိယႏိုင္ငံသားေတြအဖို႔ တျခားေဒသေတြမွာလို အဲဒီေဒသမွာ ရင္းႏွီးျမႇဳပ္ႏွံ အေျခခ်ဖို႔ လမ္းပြင့္သြားခဲ့ပါတယ္။ အဲဒီစီမံခ်က္ဟာ ကက္ရွ္မီးယားေဒသမွာ လူထုအုံႂကြမႈေတြ ျဖစ္လာႏိုင္တယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ အိႏၵိယအစိုးရရဲ႕ လုပ္ရပ္ဟာ ႏိုင္ငံတကာဥပေဒကို ခ်ိဳးေဖာက္ရာေရာက္ၿပီး အိႏၵိယအစိုးရအေနနဲ႔ လူမ်ိဳးစု ရွင္းလင္းေရးလုပ္မွာကို စိုးရိမ္မိတယ္လို႔ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ အီမာခန္းက ေျပာပါတယ္။ ဒါ့အျပင္ အိႏၵိယအေပၚ စစ္ေရးနဲ႔ သံတမန္ေရးအရ ဖိအားေပးသြားမယ္လို႔လည္း ပါကစၥတန္အစိုးရက အဂၤါေန႔မွာ ေျပာလိုက္ပါတယ္။
2 years Ago
Up