မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ကျောက်ဗလီမှာ ဇွန် ၅ ရက် မနက်က အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လရဲ့ နောက်ဆုံးရက် အိဒ်နေ့ပွဲတော်ကို ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲတော်မှာ ဘာသာပေါင်းစုံအဖွဲ့တွေ စုပေါင်းပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် နှင်းဆီဖြူလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ဒီပွဲကို ဗုဒ္ဓဘာသာ၊ ဟိန္ဒိုဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဘဟာအီဘာသာ စတဲ့ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံမှ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လိုလားသူတွေ တက်ရောက်ခဲ့ကြပြီး နှင်းဆီဖြူ ၇၀၀ ကျော်ကို ငြိမ်းချမ်းရေး ကိုယ်စားပြုအနေနဲ့ ပွဲလာသူတွေကို ဝေငှခဲ့ပါတယ်။
ဒီလို ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး နှင်းဆီဖြူလှုပ်ရှားမှု ကမ်းပိန်းကို မေ ၃၀ ရက်က မေတ္တာကမ်ပိန်းအဖွဲ့၊ The Seagull နဲ့ Smile Myanmar အဖွဲ့တို့ ပူးပေါင်းပြီး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ အမြောက်တန်းဗလီရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။
မန္တလေးမြို့မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအတွက် နှင်းဆီဖြူကမ်ပိန်းကို ဘာသာပေါင်းစုံရဲ့ အထင်ကရ အထိမ်းအမှတ်နေ့တွေမှာ ပြုလုပ်နေကြတာဖြစ်ပါတယ်။
သတင်း- သော်တာ
2 years Ago