အိဒလစ်ဘ်ခရိုင်

February 24, 2020

ဆီးရီးယားအရေး ရုရှား၊ ဂျာမန်၊ ပြင်သစ် ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဟု တူရကီသမ္မတပြော

ဆီးရီးယားနိုင်ငံ အိဒလစ်ဘ်ခရိုင်ထဲက အခြေအနေတွေနဲ့ပတ်သက်လို့ ရုရှား၊ ဂျာမန်နဲ့ပြင်သစ်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ မတ် ၅ ရက်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ တူရကီသမ္မတ တေယစ်အာဒိုဂံက ဖေဖော်ဝါရီ ၂၂ရက်မှာ ပြောပါတယ်။  အိဒလစ်ဘ်ခရိုင်အတွင်း အစိုးရတပ်တွေက ထိုးစစ်ဆင်လို့ လူ ၁ သန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။  “အိဒလစ်ဘ်နဲ့ ပတ်သက်တဲ့ ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ကို ရုရှသမ္မတ ပူတင်နဲ့ မနေ့က ဆွေးနွေးပြီးပြီ ဂျာမန်အဓိပတိ အိန်ဂျလာ မာကယ်၊ ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်း တို့ကိုလည်း ဒီအရေးကို ရည်ညွှန်းပြောဆိုပြီးပြီ”လို့ အာဒိုဂံက ပြောပါတယ်။ ဂျာမန်နဲ့ပြင်သစ် ခေါင်းဆောင်တွေက အိဒလစ်ခရိုင်တွင်း လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေအပေါ် စိုးရိမ်ကြောင်းပြခဲ့ပြီး ပဋိပက္ခ အဆုံးသတ်ရေးကိုလည်း တိုက်တွန်းခဲ့ပါတယ်။ ရုရှအစိုးရကလည်း လေးပွင့်ဆိုင် ထိပ်သီးညီလာခံ ကျင်းပမယ့် ဖြစ်နိုင်ချေကို ဆွေးနွေးနေ တယ်လို့ ပြောခဲ့ပါတယ်။
1 year Ago
Up