အိတ်ဆောင်စမတ်ဖုန်းအရွယ် သေနတ်ပြောင်း ၂ ခုပါ ပစ္စတိုသေနတ် တီထွင်

A d v e r t i s e m e n t With Us

March 25, 2016

အိတ်ဆောင်စမတ်ဖုန်းအရွယ် သေနတ်ပြောင်း ၂ ခုပါ ပစ္စတိုသေနတ် တီထွင်

ဒီသေနတ်ဟာ ယေဘုယျကြည့်ရုံနဲ့ သေနတ်တလက်လို့ ထင်စရာမရှိပါဘူး။ အိတ်ဆောင်စမတ်ဖုန်းတလုံးပုံစံ ကွယ်ဝှက်ဒီဇိုင်းထုတ်ထားတဲ့ အပြင်အဆင်ကြောင့်ပါပဲ။ အမေရိကန်နိုင်ငံအခြေစိုက် Ideal Conceal က ပွိုင့်-၃၈၀ ဒီပစ္စတိုသေနတ်ကို တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မှတ်ပုံတင်မူပိုင်ခွင့်အတွက် စောင့်ဆိုင်း နေတယ်လို့ ဆိုပါတယ်။ ခေါက်ထားလိုက်ရင် လက်ကိုင်ဖုန်းပုံစံနဲ့ တထေရာတည်းတူညီပြီး နားကြပ်တပ် ဆင်မယ့်နေရာနဲ့ ဓာတ်ပုံကင်မရာမှန်ဘီလူးတွေလည်း ပါဝင်တဲ့ ဒီသေနတ်ကို လက်နက်နဲ့ သေနတ်တီထွင်မှု စိတ်ဝင်စားသူတွေက အာရုံစိုက်ခဲ့ကြပြီး သေနတ်ဆန့်ကျင် ရေးအဖွဲ့အစည်းတွေကတော့ အနာဂတ်ကာလ သေနတ်ကိုင်အကြမ်းဖက်မှုတွေအတွက် စိတ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။ သေနတ်ကိုင်အကြမ်းဖက်မှု ရပ်တန့်ရေးယာယီကော်မတီမှ ဆက်ဆံရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး အန်ဒရူးပက်ထရစ်က “စမတ်ဖုန်းပုံစံ သေနတ်ဟာ စိတ်အ နှောင့်အယျက်ဖြစ်စရာပါပဲ။ ကလေးတွေဟာ သေနတ်နဲ့ ကစားကြပြီး ထိခိုက်မှုတွေ ဖြစ်တဲ့ အမှုအခင်းတွေဟာ မရေမတွက်နိုင်အောင်ပါပဲ။ ဒီသေနတ်ဟာ အန္တရာယ်ရှိရုံသာမက မသင့်တော်တဲ့ အရာတခုပါပဲ”လို့ ပြောပါတယ်။ Ideal Conceal ကတော့ ဒီပေါ့ပါးသေးငယ်တဲ့ သေနတ်ကို သူတို့ရဲ့ အင်တာ နက်ဝက်ဘ်စာမျက်နှာမှာ ကြေညာခဲ့ပြီး ဒါကို အသုံးပြုသူတွေရဲ့ ပိုက်ဆံအိတ်လို သေး ငယ်တဲ့နေရာတွေထဲမှာ ထည့်သွင်းသယ်ဆောင်သွားနိုင်တယ်လို့ ပြောခဲ့တာပါ။ ကုန်ပစ္စည်းထုတ်လုပ်ခွင့်မှတ်ပုံတင် မူပိုင်ခွင့်ရပြီးပြီဆိုရင်တော့ ဒီသေနတ်ငယ်ကို ၂၀၁၆ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်မှာ ဈေးနှုန်းအမေရိကန်ဒေါ်လာ ၃၉၅ လောက်က စပြီးဝယ်ယူနိုင်လိမ့်မယ်လို့ ဆိုပါတယ်။  
5 years Ago
Up