အာရုံကြောအဆိပ်

July 2, 2019

ကယ်လီဖိုးနီးယား ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရုံးမှ လူ ၂ ဦး အာရုံကြောအဆိပ်ဖြင့် တိုက်ခိုက်ခံခဲ့ရဖွယ်ရှိ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆီလီကွန် ဗယ်လီဒေသက Facebook ကုမ္ပဏီရုံးတခုမှာ လူ ၂ ယောက် ဆာရင်း  အာရုံကြောအဆိပ်နဲ့ တိုက်ခိုက်ခံခဲ့ရဖွယ်ရှိတာကြောင့် ရုံးထဲက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ မီးသတ်အရာရှိတဦးက ဇူလိုင် ၁ ရက်နေ့မှာ ပြောပါတယ်။  ဆန်ဖရန်စစ္စကိုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ပြည်ထောင်စု ဗျူရိုအဖွဲ့က အေးဂျင့်တွေဟာ အခင်းဖြစ်တဲ့နေရာကို ရောက်လာခဲ့ကြတယ်လို့ ဗျူရိုအဖွဲ့ ပြောခွင့်ရ အရာရှိတယောက်က ပြောပါတယ်။  Facebook ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေကတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောကြားတာ မရှိသေးပါဘူး။  အာရုံကြော စနစ်ကို ပျက်စီးစေတဲ့ ဆာရင်းအဆိပ်ဟာ ဓာတုလက်နက်တွေမှာ သုံးလေ့ရှိတဲ့ အဆိပ်တမျိုးဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်အတွင်း ဂျာမနီက တီထွင်ခဲ့တာပါ။ I
3 years Ago

September 17, 2018

ဗြိတိန် ဆိုင်တခုတွင် လူ ၂ ဦး စားသောက်ရင်း သတိလစ်လဲကျ၊ ရဲအစောင့်ချထား

ဗြိတိန်နိုင်ငံ ဆာလစ်ဘာရီမြို့က စားသောက်ဆိုင်တခုမှာ စားသောက်နေရင်း လူ ၂ ဦး သတိလစ်လဲကျခဲ့တဲ့အတွက် အဲဒီဆိုင်နဲ့ အနီးဝန်းကျင်က လမ်းတွေကို စက်တင်ဘာ ၁၆ ရက်နေ့က ရဲအစောင့်ချ ပိတ်ဆို့ထားလိုက်ပါတယ်။ သတိလစ်လဲကျခဲ့တဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ အမှန်တကယ် ဘာဖြစ်ခဲ့သလဲဆိုတာ ကျန်းမာရေးအရ စစ်ဆေးဖို့ ရဲကို အကြောင်းကြားခဲ့တယ်လို့ ဒေသန္တရ ရဲက ကြေညာချက်ထဲမှာ ပြောပါတယ်။ အဲဒီမြို့ဟာ ပြီးခဲ့တဲ့မတ်လက ရုရှားသူလျှိုဟောင်း ဆာဂီဆက်ခရီပေါလ်နဲ့ သမီးဖြစ်သူ အဆိပ်ခတ်ခံရဖူးတဲ့မြို့ ဖြစ်ပါတယ်။ ဆက်ခရီပေါလ် သားအဖကိုတော့ တခြား အီတလီစားသောက်ဆိုင်တဆိုင်ကို သွားအပြီးမှာ မူးမေ့ သတိလစ်နေတာကို တွေ့ခဲ့ကြတာပါ။ ရဲကတော့ အာရုံကြောအဆိပ်ကို သူတို့ရဲ့ အိမ်ရှေ့တံခါးမှာ ထားထားတာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။ ဆက်ခရီပေါလ် သားအဖကတော့ အသက်မသေဘဲ ပြန်လည်ကောင်းမွန်လာပါတယ်။ အလားတူဖြစ်ရပ်မျိုး ဖြစ်ခဲ့တဲ့ တခြားအမျိုးသမီးတဦးကတော့ အာရုံကြောအဆိပ်ပါတဲ့ ရေမွှေးပုလင်းကို တွေ့အပြီး နေမကောင်းဖြစ်ရာကနေ ဇူလိုင်လထဲက သေဆုံးခဲ့ပါတယ်။ ဆက်ခရီပေါလ်သားအဖကို တိုက်ခိုက်ဖို့ ရုရှားအရာရှိတွေက စစ်တပ်သုံး နိုဗီချော့ခ် အာရုံကြောအဆိပ် သုံးခဲ့တယ်လို့ ဗြိတိန်က စွပ်စွဲထားပါတယ်။ ရုရှားအစိုးရကတော့ ပတ်သက်မှုအားလုံးကို ငြင်းဆန်ထားပါတယ်။
3 years Ago
More News
Up