အာရုံကြော

September 28, 2018

အာရုံကြောအဆိပ်ငွေ့ဖြင့် တိုက်ခိုက်မှု သံသယရှိသူသည် ရုရှားဗိုလ်မှူးကြီးဖြစ်ဟု ဗြိတိန်မီဒီယာများ ဖော်ပြ

ဗြိတိန်နိုင်ငံ ဆာလစ်ဘာရီမြို့မှာ အာရုံကြော အဆိပ်ငွေ့နဲ့ တိုက်ခိုက်မှုအတွင်း သံသယရှိသူဟာ ရုရှား ဗိုလ်မှူးကြီးတယောက်ဖြစ်တယ် ဆိုပြီး ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့တယ်။ ဖော်ပြခံ အမျိုးသားနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ရုရှားအစိုးရက ရှာနေတယ်လို့ ရုရှားအစိုးရ ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က စက်တင်ဘာ ၂၇ ရက်မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ ရုရှားသူလျှိုဟောင်း ဆာဂီဆက်ခရစ်ပေါလ်နဲ့ သူ့သမီးကို အာရုံကြောအဆိပ်နဲ့ တိုက်ခိုက်မှုအတွက် ဗြိတိန်က လိုချင်နေတဲ့ အမျိုးသားထဲက တယောက်ဟာ ရုရှားဗိုလ်မှူးကြီး  အန်နာတိုလီချေပီဂါ ဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက စက်တင်ဘာ ၂၆ ရက်မှာ အစီရင်ခံခဲ့တာပါ။ “လူအများအပြားက ဆင်တူယိုးမှားတွေဖြစ်တယ်။ ဒါပေမယ့် ဒီစုံစမ်းစစ်ဆေးမှုမှာ ထောက်ပြခံရတဲ့ နိုင်ငံသား ဘယ်သူဆိုတာ မပြောနိုင်သေးဘူး” လို့ ပဲ့စ်ကို့ဗ်က ပြောပါတယ်။ ပုံစာ - ရုရှားအစိုးရ ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ် ဓာတ်ပုံ - Reuters
3 years Ago

July 21, 2018

နိုင်ငံတကာအဆင့်မီ နှလုံး၊ ဦးနှောက်နှင့် အာရုံကြော ဆေးရုံသစ်ကြီး တည်ဆောက်မည်

နိုင်ငံတကာအဆင့်မီ နှလုံး၊ ဦးနှောက်နဲ့ အာရုံကြောရောဂါ အထူးကု ၇ ထပ် ဆေးရုံသစ်ကြီးကို လမ်းမတော်မြို့နယ်ရှိ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးနှင့် သူနာပြုတက္ကသိုလ် (ရန်ကုန်) ကြားက မြေနေရာမှာ ၂ဝ၁၉ ခုနှစ်မှာ စတင်တည်ဆောက် သွားမယ်လို့ ဒီဆေးရုံသစ်စီမံကိန်းရဲ့ အကြံပေးအရာရှိအချုပ်က ပြောပါတယ်။ ဒီအထူးကုဆေးရုံသစ်ကြီး တည်ဆောက်ရေးစီမံကိန်း အသိပေးမိတ်ဆက်ပွဲ အခမ်းအနားကို မနေ့က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး နဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ ဒီစီမံကိန်းကို ၂ဝ၁၉ ခုနှစ် စတင်တည်ဆောက်သွားမှာဖြစ်ပြီး ၂ဝ၂၁ ခုနှစ်မှာ လုပ်ငန်းတွေ ပြီးစီးမှာ ဖြစ်ပါတယ်။ စီမံကိန်းကို ဂျပန်နိုင်ငံ အစိုးရက ဂျပန်ယန်းငွေ ၈၆၆၁ သန်းကို ဆေးရုံအဆောက်အဦ ဆောက်လုပ်ဖို့နဲ့ ဆေးရုံသုံးစက်ပစ္စည်း အချို့အတွက် ထောက်ပံ့ကူညီမှာဖြစ်ပါတယ်။
3 years Ago
Up