မြန်မာယူ ၁၈ အသင်းအနေနဲ့ အင်ဒိုနီးရှားနဲ့ပွဲမှာ ဘောလုံးပွဲတပွဲလို မကစားဘဲ အာရုံစူးစိုက်မူ မရှိခဲ့လို့ ဂိုးပြတ်ရှုံးနိမ့်သွားတာလို့ မြန်မာနည်းပြ ဘန်လာဘီက ပြောပါတယ်။
မြန်မာယူ ၁၈ အသင်းဟာ အင်ဒိုနီးရှားနဲ့ ကစားခဲ့တဲ့ အာဆီယံယူ ၁၈ ဖလား တတိယ လုပွဲမှာ ၇ ဂိုး ၁ ဂိုးနဲ့ စံချိန်တင်ရှုံးနိမ့်ခဲ့တာပါ။
“ဆီမီးဖိုင်နယ်မှာ မလေးရှားကို ရှုံးပြီးကတည်းက ကစားသမားတွေ က စိတ်ပိုင်းစိတ်ရာ ထိခိုက်သွားပြီး တက်ကြွမူမရှိတော့ဘူး၊ အင်ဒိုနီးရှားတသင်းကပဲ ဘောလုံးကစားနေပြီး မြန်မာအသင်းက ဘောလုံးပွဲကြည့်နေသလို ကစားသွားတယ်” လို့ နည်းပြက ပြောပါတယ်။
.အင်ဒိုနီးရှားနည်းပြ အန်ဒရာ ဆဂျာဖရီကတော့ မြန်မာအသင်းဟာ အရည်အသွေးရှိတဲ့ အသင်းတသင်း ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ အားနည်းမူကြောင့် ဂိုးပြတ်ရှုံးသွားတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။
မြန်မာယူ ၁၈ အသင်းဟာ လာမယ့် နိုဝင်ဘာ ၄ ရက်ကစပြီး ကမ္ဘောဒီးယားမှာ ကျင်းပမယ့် အာရှယူ ၁၉ ခြေစစ်ပွဲကစားဖို့ရှိနေပြီး အဲဒီပွဲမတိုင်ခင် ပြင်သစ်နိုင်ငံမှာ ခြေစမ်းပွဲတွေ သွားရောက်ကစားမှာဖြစ်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - လွှမ်းမိုးအောင်
4 years Ago